BREAKING NEWS

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကောင်းမွန်စွာပြင်ဆင်ထားရှိပါက လုပ်ငန်းများ ပြန်လည်ဖွင့်ခွင့်ပေးမည်

အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်နေသော လက်ခစားလုပ်ငန်းများ (CMP) စက်ရုံ၊ အလုပ်ရုံများနှင့်အတူ အသေးစား၊ အလတ်စားလုပ်ငန်းများအားအား အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ပြန်လည်ဖွင့်လှစ်မည့် လုပ်ငန်းများလိုက်နာရန်အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်နှင့် စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များအား ထုတ်ပြန်ထားပြီး ဖြစ်သည်ကို တွေ့ရှိရသည်။
ယခုထုတ်ပြန်ချက်သည် လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုကာလ ထပ်တိုးထားသည်ကို Stay at Home မြို့နယ်များအတွင်း နေထိုင်သည့် အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိနားလည်ရသည်။
Ref: MOI / Photo: DICAmyanmar





Leave a Reply

Your email address will not be published. Required fields are marked *