BREAKING NEWS

စပါး အခြေခံရည်ညွှန်းဈေးအောက် ကျဆင်းပါက ကျပ်ဘီလီယံ ၂၀ အသုံးပြုကာ ဝယ်ယူရန် စီစဉ်တင်ပြထား

အောက်တိုဘာ ၁၀
တိုင်းဒေသကြီး/ပြည်နယ် ငါးခုအတွက် ၂၀၂၀-၂၁ ခုနှစ်ထွက် စပါးများကို အခြေခံရည်ညွှန်းဈေးဖြစ်သည့် ကျပ် ၅၂၀,၀၀၀ အောက်ကျဆင်းပါက ကျပ် ဘီလီယံ ၂၀ သုံးကာ ဝယ်ယူပေးနိုင်ရန် စီးပွားရေးကော်မတီသို့ တင်ပြထားပြီးဖြစ်ကြောင်း လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့မှ သိရသည်။
အဆိုပါ ဘက်ဂျက်ငွေကို နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲသွားမည်ဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တင်္နဿာရီနှင့် ရခိုင် စသည့် တိုင်းနှင့်ပြည်နယ် ငါးခုတို့တွင် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု မိုးစပါးရိတ်သိမ်းချိန်တွင် ပြည်ပပို့ကုန်ရငွေ ဒေါ်လာဈေးကျဆင်းနေခြင်းနှင့် Stay at Home အမိန့်များကြောင့် ပြည်တွင်း/ ပြည်ပ ဝယ်လိုအားကျဆင်းနေခြင်းများကြောင့် Exporter ကုန်သည်များအနေဖြင့် တောင်သူများထံမှ စပါးဝယ်ယူနိုင်ရန် အခက်အခဲရှိမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌဖြစ်သူ ဦးအောင်သန်းဦးက လူမှုကွန်ရက်အကောင့်မှတစ်ဆင့် မျှဝေထားသည်။
“၂၀၂၀- ၂၀၂၁ ခုနှစ်အတွက် စပါးကို အခြေခံရည်ညွှန်း စပါးဈေးနှုန်း တင်းတစ်ရာကို ငါးသိန်းနှစ်သောင်းအောက် ကျ ဆင်းလာရင် ဝယ်ယူမှာပါ။ ဝယ်ယူတဲ့အခါ အရင်နှစ်ကလို အခက်အခဲတွေ မဖြစ်ပေါ်စေဖို့ ဝယ်ယူမယ့် နည်း လမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အကြံပြုချက်အလိုက် ချမှတ်ဆောင်ရွက်သွားမယ်” ဟု လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက AMIA သို့ ပြောသည်။
Ref: AMIA / Photo: MRTV





Leave a Reply

Your email address will not be published. Required fields are marked *