BREAKING NEWS

မြေပဲလုံးဆံအကြမ်း တစ်ပိဿာ ကျပ် ၃,၀၀၀ အထိ ဖြစ်လာ

အောက်တိုဘာ ၉
မြေပဲစိုက်ပျိုးမှု များပြားသော မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအတွင်း မြေပဲထွက်ရှိမှု နည်းပါးနေပြီး တစ်ဧက တင်း (၄၀) အောက် ကျဆင်းနေတဲ့အတွက် မြေပဲအလုံးဆံ အကြမ်း တစ်ပိဿာလျှင် ငွေကျပ် (၃,၀၀၀) အထိ ဈေးပေးဝယ်ယူလာကြကြောင်း သိရသည်။
“မြေပဲ ခွဲစက်နဲ့ ကျကျခြင်း ပဲ တစ်ပိဿာကို ကျပ် (၂,၈၅၀) အထိ ပေးလာတယ်။ တချို့က မသန့်စင်ရသေးလည်း ကျပ် (၂,၉၅၀) ပေးတယ်။ သန့်စင်ပြီးသားဆိုရင် ကျပ် (၃,၄၀၀) အထက် ရှိလာပြီ။ မြေပဲဈေး ဒီထက် တက်လာဖို့ပဲ ရှိတယ်” မန္တလေးမြို့ရှိ မြေပဲကုန်သည် ဦးမျိုးညွန့်က AMIA သို့ ပြောဆိုသည်။
ယခုနှစ်မှာ အထွက်နှုန်းကျဆင်းနေပြီး မြေပဲလက်ကျန်လည်း မရှိသည့် အတွက် ဈေးတက်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ရိုးရာမုန့်စားပွဲတော်လည်း ရှိနေသောကြောင့် သိုလှောင်ဖို့ ဝယ်ယူနေကြသဖြင့် ဈေးတက်တာလည်း ဖြစ်ကြောင်း ညောင်ဦးမြို့ရှိ မြေပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
မြေပဲလုံးဆန် ဈေးကွက်အတွင်း မြေပဲဆန်လုံးနီ တစ်ပိဿာလျှင် (၂,၈၅၀) မှ (၂,၉၅၀) ကျပ် ၊ ဆီဆန် တစ်ပိဿာလျှင် (၂,၉၀၀) ကျပ်၊ လုံးဆံဖြူ တစ်ပိဿာလျှင် (၂,၆၅၀) မှ (၂,၇၀၀) ကျပ် အသီးသီး ရှိနေကြောင်း သိရှိရသည်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *