BREAKING NEWS

နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များအား တစ်ပြည်တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးနေ

အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကို နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များအား တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်းမှ သိရသည်။
“တစ်ဦးကို တစ်ပြည်ကနေ တစ်အိတ်ထိရောင်းပေးပါတယ်၊ လုံးရှည်ဧည့်မထ ဆန်တွေပါ၊ ဆိုင်မှာလာဝယ်ရင်တော့ သုံးအိတ်ထိရောင်းပေးနေပါတယ်၊ တကယ်လိုအပ်တဲ့နေရာတွေကို ချိတ် ဆက်ပြီး ကားနဲ့သွားရောင်းပေးပါတယ်၊ ဖိတ်ခေါ်ရင်လည်းရောင်းပေးမယ်” ဟု ယင်းအသင်းဥက္ကဌဖြစ်သူ ဦးဌေးလွင်က ပြောသည်။
ရောင်းချနေသာ ဆန်အမျိုးအစားမှ ဧည့်မထဆန်ဖြစ်ပြီး မန္တလေးခရိုင် (၇) မြို့နယ်ရှိ ဆန်လက်လီအရောင်းဆိုင် (၃၇) ဆိုင်မှာ ဝယ်ယူနိုင်သလို ကားများဖြင့်လည်း လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *