BREAKING NEWS

မတ်ပဲတန်ချိန် တစ်သိန်းခွဲအား မတ်လကုန်နောက်ဆုံးထား တင်ပို့ရန် အိန္ဒိယအစိုးရ ခွင့်ပြုပေးလိုက်ပြီ

အောက်တိုဘာ ၇
အိန္ဒိယအစိုးရမှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်သစ်အတွက် မြန်မာနိုင်ငံအား မတ်ပဲတန်ချိန် တစ်သိန်းခွဲအား တင်သွင်းခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး ယင်းပမာဏကို ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားက တင်ပို့ပေးရမှာ ဖြစ်ကြောင်း သိရသည်။
“အိန္ဒိယအစိုးရ သတ်မှတ်ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် ၃ လပိုင်း ၃၁ ရက် နောက်ဆုံး ထားပြီးတော့ အိန္ဒယ ဆိပ်ကမ်းအရောက် ပို့ရမှာပါ” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက AMIA သို့ ပြောဆိုသည်။
ယခုသတ်မှတ်ချက်သည် အိန္ဒိယနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာများနှင့် သက်ဆိုင်မှု မရှိခြင်းကြောင့် ပြည်တွင်းရှိ မတ်ပဲတင်ပို့မည့် သွင်းကုန်လုပ်ငန်းရှင်များအတွက် တင်သွင်းခွင့်ခွဲတမ်းများကို ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) မှ သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
REF: AMIA / PHOTO: GNLM





Leave a Reply

Your email address will not be published. Required fields are marked *