BREAKING NEWS

အရာတော်မြို့နယ်အတွင်း ယခုမြေပဲရာသီ ထွက်နှုန်းနည်းပါးနေ

စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင်းရှိ တောင်သူများသည် ပင်ထောင်မြေပဲများ စိုက်ပျိုးထားရာ မိုးရွာသွန်းမှု နည်းပါးသောကြောင့် နုတ်သိမ်းချိန်တွင် မြေပဲအထွက်နှုန်း လျော့နည်းလျက်ရှိနေကြောင်း သိရသည်။
ယမန်နှစ်က တစ်ဧက တင်း (၅၀) အထိ ထွက်ရှိခဲ့ပြီး တစ်တင်းလျှင် ငွေကျပ် (၈,၀၀၀) အထိ ဈေးကောင်းရကာ ရောင်းချခဲ့ရသောကြောင့် ယခုနှစ်တွင် ပင်ထောင်မြေပဲကို ပိုမိုစိုက်ပျိုးခဲ့ကြသော်လည်း မိုးရွာသွန်းမှုနည်းပါးသောကြောင့် အထွက်နှုန်းနည်းကာ အခက်ကြုံနေခြင်းလည်း ဖြစ်သည်။
ပင်ထောင်မြေပဲနှင့် မိုးမြေပဲများကို သဲမြေ၊ နုန်းမြေများတွင် ဇွန်လပိုင်းမှ စတင်၍ စိုက်ပျိုးလေ့ရှိသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *