BREAKING NEWS

ခရမ်းချဉ် တစ်တာလျှင် ငွေကျပ် ၃၈,၀၀၀ အထိ ရရှိနေ

စက်တင်ဘာ ၁၃
ခရမ်းချဉ်သီးနှံအား တစ်နှစ်ပတ်လုံး စိုက်ပျိုးလေ့ရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ရွာငံမြို့နယ်၌ ခရမ်းချဉ်သီး ပုံမှန်ထွက်ရှိနေပြီး ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချရာ ခရမ်းချဉ် တစ်တာကို ငွေကျပ် ၃၈,၀၀၀ အထိ ရရှိနေကြောင်း သိရသည်။
ယခုနှစ် ဈေးကွက်အတွင်း ခရမ်းချဉ် (၂၀) ပိဿာပါဝင်သည့် တစ်တာလျှင် ငွေကျပ် (၃၀,၀၀၀) မှ (၃၈,၀၀၀) ကျပ်အထိ ရရှိနေသည်။ စိုက်ပျိုးစရိတ် တစ်ဧကလျှင် (၅၀၀) ကျပ်ခန့်သာကုန်ကျပြီး တစ်ဧကလျှင် သုံးပိဿာခန့်ထွက်ရှိသည့်အတွက် တောင်သူများအဖို့ ဝင်ငွေကိုက်သည်ဟု ဆိုရမည်ဖြစ်သည်။
ရွာငံမှ ထွက်ရှိသော ခရမ်းချဉ်များကို ပြည်တွင်းဈေးကွက်ဖြစ်သော မန္တလေး၊ ကျောက်မဲ၊ မြင်းခြံ၊ မိတ္ထီလာ၊ နေပြည်တော်၊ မုံရွာနှင့် အောင်ပန်းသို့ တင်ပို့ရောင်းချပြီး ရန်ကုန်ဈေးကွက်အထိပါ ရောက်ရှိသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *