BREAKING NEWS

ကြက်သွန်ဈေးမကောင်းသောကြောင့် တောင်သူအရောင်းပါးနေ

စက်တင်ဘာ ၁၀
ပြည်ပနိုင်ငံများမှ ဝယ်ယူမှု မရှိသလောက်ဖြစ်နေသည့်အတွက် ကြက်သွန်ဈေး ကျဆင်းမှုဖြစ်ပေါ်နေပြီး အရောင်းအဝယ်မကောင်းသည့်အပြင် စိုက်ပျိုးစရိတ်တောင် ပြန်လည်ရရှိဖို့ မလွယ်ကူကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရပါတယ်။
“မနှစ်ကဈေးကောင်း တော့ ဒီနှစ်စိုက်ဧကစိုက်အားလည်း များတယ်၊ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီနှစ်မှာလုံးဝမဝယ်သေးဘူး၊ ဒီနှစ် တရုတ်က ဝယ်တော့ဝယ်တယ်၊ နည်းတယ်၊ ပြည်တွင်းစားသုံးမှုက ပုံမှန်ပဲရှိတာဆိုတော့ ထွက် နှုန်းများနေတဲ့အခါ ကြက်သွန်ဈေးမတက်ဘူး ဖြစ်နေတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကြက်သွန်နီ ကြက်သွန်ဖြူ၊ စားဖိုဆောင်သီးနှံအသင်း ဥက္ကဌဖြစ်သူ ဦးဇော်မျိုးဦးက MOI သို့ ပြောဆိုထားပါတယ်။
ယခင်နှစ်က ကြက်သွန်နီတစ်ပိဿာနယ်ဝယ်ဈေး တစ်ထောင်ကျပ်ဝန်းကျင်အထိ ရှိခဲ့ပေမယ့်လည်း ယခုနှစ်မှာတော့ ကြက်သွန်နီ တစ်ပိဿာ နယ်ဝယ်ဈေး ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ကြားသာ ရှိနေကြောင်း သိရသည်။
ဒီနှစ်က “ရောင်းလိုအားများပြီး ဝယ်လိုအား နည်းတဲ့သဘော၊ ထွက်ပေါက်တွေ ဒီထက်ပိုပြီးတော့ ကောင်းမှသာတောင်သူတွေပိုပြီး အဆင်ပြေစေ နိုင်တဲ့အနေအထားမျိုးပေါ့၊ အခုလက်ရှိကတော့ ကိုဗစ်နဲ့ဆိုတော့ အားလုံးရိုက်ခတ်နေကြတော့ ကြက်သွန်သမားတွေအတွက် စိုက်ပျိုးစရိတ်တောင်မရဘူး” ဟု ဦးဇော်မျိုးဦးက ဆိုသည်။
ကြက်သွန်နီကို ကျောက်ဆည်၊ မြစ်သား၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ၊ ဆိပ်ဖြူအစရှိသော ဒေသများတွင် အများအပြားစိုက်ပျိုးကြသည်။ တရုတ်ပြည်သို့ အများဆုံးတင်ပို့လေ့ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သို့လည်း တင်ပို့ကြောင်း သိရှိရသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *