BREAKING NEWS

ယခုဘဏ္ဍာနှစ်အတွင်း မိုးမြေပဲစိုက်ဧက ၂၈,၀၀၀ နီးပါးလျာထား

စက်တင်ဘာ ၎
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မိုးမြေပဲ စိုက်ဧကအားဖြင့် ၂၇,၆၂၃ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါမိုးမြေပဲများကို ဇူလိုင်၊ ဩဂုတ်မိုးတွင် အပြီးစိုက်ပျိုးကာ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် အပြီးရိတ်သိမ်းသွားမှာ ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရန် မျိုးအနေဖြင့် ယခင်စိုက်ပျိုးနေသည့် မျိုးများထဲမှ အထွက်ကောင်းပြီး အရည်အသွေးပိုမိုကောင်းမွန်သည့် မကွေး ၁၁ ၊ မကွေး ၁၆ စတဲ့ မျိုးသန့်ပွားများ စိုက်ပျိုးထုတ်လုပ်ပြီး မျိုးကောင်းမျိုးသန့် ဖလှယ်သော လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ဆိုသည်။
စိုက်ပျိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းက “မြေပဲစိုက်ပျိုးထုတ်လုပ်တဲ့အခါ အစားအစာဘေးကင်းလုံခြုံဖို့အတွက် ပိုးသတ်ဆေးလျှော့ချသုံးစွဲဖို့ လုပ်ငန်းစဉ်တစ်ခုပါတယ်၊ ပိုးသတ်ဆေးဟာ ဓာတ်ကြွင်းအာနိသင် ရှိစေတတ်တဲ့ သဘောသဘာဝရှိတဲ့ အတွက်ပိုးသတ်ဆေးသုံးစွဲမှုနည်း စနစ်မမှန်ကန်ဘူး ဆိုရင်ဓာတ်ကြွင်းအာနိသင်တွေများလာတဲ့အခါ မှိုတော့ မရှိပေမယ့်ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ကလည်းရှိနေတတ်တယ်၊ ဒါကြောင့်ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်လည်း ကင်းရမယ်၊ မှိုလည်းလျှော့ချနိုင်ရမယ်” ဟု ပြောသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *