BREAKING NEWS

ပြည်တွင်းပြောင်းလက်ကျန်နည်းပါးလာသောကြောင့် ဈေးနှုန်းအတက်ဘက်သို့ ရောက်ရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၂
ပြည်တွင်းမှ အစေ့လွတ်ပြောင်းများကို ပြည်ပသို့ ပြောင်းတန်ချိန် (၁၅) သိန်းမှ (၁၆) သိန်းကြားထိ တင်ပို့လာရသည့်အတွက် ပြောင်းလက်ကျန်နည်းပါးလာသောကြောင့် ဈေးကွက်အတွင်း ပြောင်းဈေးနှုန်း အတက်ဘက်သို့ ရောက်ရှိလာကြောင်း သိရသည်။
ယခင်လများက ပြောင်းတစ်ပိဿာကို (၅၄၀) ကျပ် ဝန်းကျင်သာ ရရှိပြီး လက်ရှိမှာတော့ လက်ကျန်နည်းပါးလာသည့်အတွက် ရန်ကုန်ပြောင်းဈေးကွက်အတွင်း ပြောင်းတစ်ပိဿာလျှင် ၅၇၅ ကျပ်အထိ ဈေးမြင့်တက်လာကြောင်း ပြောင်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမင်းခိုင်က AMIA သို့ ပြောဆိုသည်။
ယခုလို ပြောင်းဈေးနှုန်းများ အတက်ဘက်သို့ရောက်ရှိနေသော်လည်း ပြောင်းအသစ်ထွက်ပေါ်မည့် အောက်တိုဘာလပိုင်းတွင် အနည်းနှင့်အများ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ပြောင်းလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
လက်ရှိ ပြည်တွင်း၌ တစ်နှစ်လျှင် ပျှမ်းမျှအားဖြင့် ပြောင်းတန်ချိန် ၂ ဒသမ ၂ သန်းခန့် ထွက်ရှိနေပြီး ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ အဓိကတင်ပို့ကာ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေသည်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *