BREAKING NEWS

မိုးပဲတီစိမ်းသီးနှံသစ် အရောင်းသွက်နေတဲ့ ပြည်ပဲဈေးကွက်

ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲ၊ ပဲလွမ်းဖြူ၊ ထောပတ်ပဲ စသည့် ပဲများအားလုံး ဈေးငြိမ်နေပြီး မိုးပဲတီစိမ်း သီးနှံမှာ အင်မတန် အရောင်းသွက်နေကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံသစ်မှာ ပြည်ဈေးကွက်သို့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်၊ ပန်းတောင်း၊ ကံမမြို့နယ်များမှတစ်ဆင့် တစ်ရက်ကို အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်နေပြီး တစ်တင်းကို ငွေကျပ် ၃၃,၀၀၀ မှ ၃၇,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။ ထို့ပြင် ပဲအထွက်လှိုင်လာပြီ ဖြစ်သောကြောင့် နောက်သီတင်းပတ်များအတွင်း ပဲအဝင်လည်း ပိုမိုလှိုင်လာဖွယ် ရှိနေသည်။
မတ်ပဲမှာ တစ်တင်း ၃၁,၇၀၀ ကျပ်ဖြင့် အိတ် ၁၀၀ မှ ၂၀၀ အတွင်းသာ အရောင်းအဝယ် ဖြစ်နေသည်။ ကုလားပဲမှာမူ ပဲအသစ်မဝင်ရောက်ဘဲ လက်ကျန်လှောင်ပဲများဖြင့်သာ တစ်တင်းလျှင် ၂၅,၂၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။ လက်လီပဲဈေးကွက်အတွင်းမှာတော့ ဗိုလ်ကိတ်ပဲနှင့် ပဲလွမ်းဖြူမှာ ဈေးကောင်းရနေပြီး ဗိုလ်ကိတ်မှာ တစ်တင်းလျှင် ၃၃,၀၀၀ ကျပ် ဈေးပေါက်နေသလို၊ ပဲလွမ်းဖြူမှာ တစ်တင်းလျှင် ၃၈,၀၀၀ ကျပ်ဖြင့် ဈေးပေါက်နေသည်။
Ref: commerce





Leave a Reply

Your email address will not be published. Required fields are marked *