BREAKING NEWS

စစ်တွေသို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ကြိုးပမ်းနေ

သြဂုတ် ၂၉
COVID-19 ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်ကာလအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကုန်စည်ပို့ဆောင်မှု မပြတ်စေရေးအတွက် ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များဖြင့် ကြိုးပမ်းပို့ဆောင်ပေးနေကြောင်း သိရသည်။

ကုန်တင်ယာဉ်များကို စစ်တွေ မြို့နှင့် (၈)မိုင်ကွာဝေးသော ကျောက်တန်းကျေးရွာအနီး ယာယီကားဂိတ်တွင် ကုန်တင်ကုန်ချ ပြုလုပ်ပြီး ကုန်ပစ္စည်းပို့ကြိုစနစ်ဖြင့်လည်းကောင်း၊ ယာဉ်မောင်းလဲလှယ် မောင်းနှင်ခြင်းစနစ်ဖြင့် လည်းကောင်း မြို့တွင်းသို့ ပို့ဆောင်ရွက်လျက်ရှိကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ဆိုသည်။

အဆိုပါ ကျောင်းတန်းကားဂိတ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရန် ရောက်ရှိလာသော ကုန်ကားများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ကုန်စည်များ သယ်ဆောင်ရန်လာရောက်သည့် စစ်တွေမြို့တွင်းမှ ကားများအား ပိုးသတ်ဆေးဖျန်း ခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေသည်ဟု သိရသည်။
Ref: MDN





Leave a Reply

Your email address will not be published. Required fields are marked *