BREAKING NEWS

ညောင်ဦးတွင် ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးထိုးကျ

မန္တလေးတိုင်းဒေသကြီး၊ ‌ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများမှ ပြောင်းဖူးစိုက်တောင်သူများသည် ယခုလ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန်တွင် ရန်ကုန်နှင့် မန္တလေးတို့မှ ပွဲစားများ လာရောက်ဝယ်ယူမှု မရှိသည့်အတွက် ပြောင်းဖူးဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။
ညောင်ဦး-ပခုက္ကူ-မြင်းခြံ သွား ကားလမ်းမကြီးဘေး ဝဲ/ယာတွင် တည်ရှိသော ဒေသခံကျေးရွာများသည် စိုက်ခင်းများမှ ထွက်ရှိသော ပြောင်းဖူးများကို ကားလမ်းမကြီးဘေးတွင် ပုံထားကာ လမ်းသွားလမ်းလာများအား ရောင်းချလေ့လည်း ရှိသလို မြင်းခြံ၊ ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်းတောင်း ပွဲစားများမှလည်း လာရောက်ဝယ်ယူလေ့ရှိသည်။ ထို့ပြင် ပလင်းကမ်းသာယာ ဆင်စခန်းမှလည်း ဆင်စာအတွက် အမြဲဝယ်ယူနေသည်။ ရန်ကုန်နှင့် မန္တလေးပြောင်းဖူးပွဲစားများကလည်း လာရောက်ဝယ်ယူရာတွင် ပြောင်းဖူး အဖူးရေ တစ်သောင်းမှ သုံးသောင်းအထိ ဝယ်ယူလေ့ ရှိသည်။
သို့သော် ယခုလအတွင်း ကပ်ရောဂါဘေးကြောင်း ခရီးသွားလာမှုနှင့် ကုန်သွယ်ရေးများ တုန့်ဆိုင်းနေသည့်အတွက် ပြောင်းဖူးလှိုင်လှိုင်ပေါ်နေသော်လည်း ပြောင်းဖူးတစ်ဖူး (၈၀) ကျပ်ဖြင့်သာ ရောင်းချရနေပြီး ဆယ်ဖူးဈေး (၈၀၀) သာ ရရှိနေသည်။ ထိုကဲ့သို့ အနိမ့်ဆုံးဈေးသို့ ထိုးကျနေသည့်အတွက် ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန်တွင် စိုက်ပျိုးစရိတ်ပင် မရရှိတော့ကြောင်း ဒေသခံတောင်သူ ဦးဝင်းတင်က MOI သို့ ပြောဆိုခဲ့ကြောင်း သိရှိရသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *