BREAKING NEWS

ဘားအံတွင် ဖန်လုံအိမ်စိုက်ခင်း (၅) ဧကအား အစ္စရေးနိုင်ငံနှင့် ပူးပေါင်းတည်ဆောက်သွားမည်

ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကမော့ကပိုမျိုးစေ့ခြံတွင် ဖန်လုံအိမ်စိုက်ခင်း (၅) ဧကခန့်ကို အစ္စရေးနိုင်ငံနှင့် ပူးပေါင်းကာတည်ဆောက်သွားမည်ဖြစ်ပြီး စိုက်ပျိုးမည့် ဟင်းသီးဟင်းရွက်၊ သီးနှံပုံစံနှင့် spacing များအား ညှိနှိုင်းဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိဖန်လုံအိမ်တွင် စိုက်ပျိုးမည့် သီးနှံများကို ရွေးချယ်ရာတွင် စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများ ပူးပေါင်းကာ စမ်းသပ်လေ့လာမှုများ ပြုလုပ်ပြီးမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆိုသည်။
တောင်သူတွေ ကိုယ်တိုင်စိုက်ပျိုးရာတွင် အဆင်ပြေစေဖို့နှင့် ခေတ်မီနည်းပညာများကို ကိုယ်တိုင်မြင်တွေ့ လေ့လာနိုင်စေဖို့ ယင်းဖန်လုံအိမ်ကို ရွေးချယ်တည်ဆောက်ထားခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် ကရင်ပြည်နယ်မှ အစ္စရေးသို့ စိုက်ပျိုးရေး ပညာတော်သင် (၂၈) ဦးခန့် စေလွှတ်ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံမှ သင်တန်းသားများကို အစ္စရေးနိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေသလို၊ ခေတ်မီစိုက်ပျိုးရေးဇုန်များ ထူထောင်ရေး၊ ရေအရင်းအမြစ်များ စီမံခန့်ခွဲရေးဆိုင်ရာများနှင့် ပတ်သက်ပြီးလည်း အစ္စရေးနိုင်ငံနှင့် တွဲဖက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *