BREAKING NEWS

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး ဧရာတိုင်းစက်မှုလယ်ယာမှ ထွန်ယက်ခနှုန်းထား လျော့ချပေး

ဩဂုတ် ၂၃
လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကြောင့် တောင်သူလယ်သမားများ စီးပွားရေးထိခိုက်မှုမှ သက်သာစေရေး စီမံချက်အနေဖြင့် ထွန်ယက်ခနှုန်းထားများကို တစ်ဧကထွန်ယက်ခ နဂိုမူလ ၇,၅၀၀ ကျပ်ကျသင့်ရာမှ ၆,၅၀၀ ကျပ်သို့ လျော့ချဆောင်ရွက်ပေးနေကြောင်း ကြားသိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ၎င်းတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၆) မြို့နယ်တွင် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
တိုင်းဒေသကြီးအတွင်းရှိ စက်မှုလယ်ယာစခန်းပေါင်း (၁၈) ခုမှ မိုးစပါးစိုက်ဧက စုစုပေါင်း ဧက (၈၀,၃၃၀) ကို ဈေးနှုန်းလျော့ချပြီး ထွန်ယက်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးအား ကိုးကား၍ MRTV မှ သတင်းဖော်ပြခဲ့သည်။
Ref: MRTV





Leave a Reply

Your email address will not be published. Required fields are marked *