BREAKING NEWS

သိမ်းဆည်းခံ လယ်ယာမြေများအတွက် လျော်ကြေးငွေ ကျပ်သိန်း ငါးသောင်းကျော် ပေးအပ်

ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့သစ်နဲ့ ဝေဘာဂီမြို့သစ်တို့ရှိ သိမ်းဆည်းခံ လယ်ယာမြေ (၅၃၄.၆) ဧကမှ သိမ်းဆည်းခံရတဲ့ မူလလယ်ပိုင်ရှင် လယ်သမား (၄၅) ဦးကို လျော်ကြေးငွေစုစုပေါင်း မြန်မာကျပ်ငွေ (၅,၃၄၆,၀၀၀,၀၀၀) ကျပ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလျော်ကြေးငွေများကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ နစ်နာသော မူလလယ်ပိုင်ရှင် လယ်သမားများကို နစ်နာကြေး လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားမှာ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။
အခမ်းအနားကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့တော်စည်ပင် လက်ထောက်ဌာန မှူး၊ မြေယာ ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများ၊ မူလပိုင်ရှင် လယ်သမားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *