BREAKING NEWS

တရုတ်သို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းဆိုင်ရာသင်တန်း ဖွင့်လှစ်

ရန်ကုန်၊ ဩဂုတ် ၁၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နဲ့ ဆန်ကွဲ တင်ပို့ရာမှာ လိုက်နာဆောင်ရွက်ရမယ့် လုပ်ထုံး လုပ်နည်း/ စည်းမျဉ်းစည်းကမ်းများဆိုင်ရာ သင်တန်း အမှတ်စဉ် (၁) ကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဝါးတန်းကုန်စည်ဒိုင်) မှာ ဩဂုတ် ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ယင်းကဲ့သို့ ဖွင့်လှစ်ခဲ့ရာမှာ သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပြုံးပြုံးကြည်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဉီးကျော်ငွေ၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက် (MITS) မှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ကြည်ကြည်၊ CCIC မှ Country Head နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသောင်းတိုက်စိုး တို့က သင်တန်းပို့ချ ဆွေးနွေးပေးခဲ့ကြပြီး တရုတ်နိုင်ငံသို့ ဆန်နဲ့ ဆန်ကွဲ တင်ပို့ခွင့်ရ ကုမ္ပဏီ (၄၃) ခုမှ သင်တန်းသား (၁၀၈) ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Ref: MRF





Leave a Reply

Your email address will not be published. Required fields are marked *