BREAKING NEWS

မင်းဘူးတွင် ဆည်ရေနှင့် မိုး မရရှိသဖြင့် ကိုယ်ပိုင်စက်ရေတွင်းတူးပြီး တစ်နိုင်တစ်ပိုင် မိုးစပါးစိုက်ပျိုးနေရ

ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းမှာ ဆည်ရေလည်း မရရှိသလို မိုးလည်း ရွားသွန်းမှုမရှိတဲ့အတွက် ကိုယ်ပိုင် စက်ရေတွင်းတူးပြီးသာ မိုးစပါးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရကြောင်း ရွာသာကျေးရွာရှိ မိုးစပါးစိုက်တောင်သူတစ်ဦးထံမှ သိရပါတယ်။
“ကျွန်တော့်မှာ လယ် ဧက ၂၀ ရှိပါတယ်။ မိုးလေလည်းမှန်မယ်၊ ပေါင်းမြက်နုတ်ပေးမယ်၊ မြေဩဇာ မှန်မှန် ကျွေးပေးမယ်ဆိုလျင် လယ်တစ်ဧကကို စပါးတင်း ၈၀ အထိထွက်ပါတယ်။ မိုးလေဝသ လည်း မမှန်ဘဲ ရေကငတ်တလှည့် ပြတ်တလှည့်ဖြစ်မယ် ပေါင်းမြက်မနုတ်ဘူး မြေဆွေး မြေဩဇာလည်း မကျွေးနိုင်ဘူးဆိုလျှင် စပါးအထွက်နှုန်း မကောင်းပါဘူး” လို့ ရွာသာကျေးရွာမှ မိုးစပါးစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးဝင်းဗိုလ်က ဆိုပါတယ်။
မိုးစပါးတွေကို ရေမလုံလောက်တဲ့အတွက် ရှေးသမရိုးကျ ပျိုးထောင်စိုက်ပျိုးရတဲ့အတွက် ငွေကြေးအရင်းအနှီး ပိုမိုများပြားပါတယ်။ အစေ့ချစိုက်ပျိုးသလို တစ်ခါတည်းနဲ့ မပြီးဘဲ ပျိုးနုတ်၊ ပျိုးပင်သယ်၊ ကောက်စိုက် အဖိုးအခများပါ ပိုမိုပေးရပါတယ်။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့နှစ်က လယ်‌ဧက နှစ်ဆယ်လုံး စိုက်ပျိုးနိုင်ပေမယ့် ယခုနှစ်မှာ ကုန်ကျစားရိတ်ထောင်းပြီး လယ်ဆယ်ဧကသာ စိုက်ပျိုးနိုင်ကြောင်း ဦးဝင်းဗိုလ်က ပြောဆိုခြင်း ဖြစ်ပါတယ်။
“ပြီးခဲ့သည့် နှစ်က စပါးအထွက်နှုန်းကောင်းပြီး စပါး ( ၁ )တင်းကိုလည်း ၅၀၀၀ ကျပ်ရောင်းရပါတယ်။ ဒီနှစ်တော့ အကုန်အကျများပြီး လယ် ၁၀ ဧကကို ကျပ် ၇ သိန်းဖိုးလောက် ကုန်ကျပါတယ်” လို့ ၎င်းက ပြောဆိုပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *