BREAKING NEWS

ကန္တာရကျိုင်းကောင်များ၏ ဦးတည်ရာလမ်းကြောင်း မြန်မာနိုင်ငံသို့ မရောက်ရှိနိုင်

ဩဂုတ် ၁၃
အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ကျရောက်လျက်ရှိနေတဲ့ ဖျက်အားပြင်း ကန္တာရကျိုင်းကောင်တွေရဲ့ ဦးတည်ရာလမ်းကြောင်းမှာ မြန်မာနိုင်ငံသို့ မရောက်ရှိနိုင်တော့ကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ (FAO) က ဖွဲ့စည်းထားတဲ့ ကန္တာရကျိုင်းကောင်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် လာအိုနိုင်ငံ၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့မှာ ကျရောက်နေတဲ့ အဝါရောင်ဆူးနှံကောင် (Yellow-spined bamboo locust) တွေမှာ မြန်မာနိုင်ငံမှာ ကျရောက်ခြင်းမရှိသေးပေမယ့် ယင်းဒေသတွေနဲ့ နီးစပ်တဲ့ နယ်စပ်တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာ စိုက်ခင်းတွေမှာ ကင်းထောက်စောင့်ကြည့်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
လက်ရှိအနေနဲ့ မြန်မာနိုင်ငံမှာ ဒေသခံနှံကောင်မျိုးစိတ်တွေဖြစ်တဲ့ ကော်ဖီနှံကောင် (Coffee locust)၊ ဦးမှင်ရှည်နှံကောင် (long-horned grass hopper)၊ အရှေ့တိုင်း ရွှေ့ပြောင်းနှံကောင် (migratory locust)၊ ခြေနီနှံကောင် (red-legged locust) နှင့် လည်ချောင်းချွန်နှံကောင် (spur-throated locust) တွေ ကျရောက်လျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်တဲ့အထိ သီးနှံပျက်စီးမှု မရှိကြောင်း သိရှိရပါတယ်။
Ref: MOHS/ Photo: AP





Leave a Reply

Your email address will not be published. Required fields are marked *