BREAKING NEWS

မိုးကာလ အိမ်တွင်း စိုက်ပျိုးမှုအဖြစ် တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှု များပြားလာ

ဩဂုတ် ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း မိုးရာသီကာလ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှုမှာ ယခင်ကထက် ပိုမိုများပြားလာပြီး များသောအားဖြင့် ကောက်ရိုးမှို၊ ငွေနှင်းမှုံမှိုနဲ့ ကြွက်နားရွက်မှိုတွေကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ဒေသပေါက်ဈေးအနေနဲ့ ငွေနှင်းမှုံ တစ်ပိဿာကို ငွေကျပ် (၂,၀၀၀) မှ (၃,၅၀၀) ကျပ်အထိ ရရှိပြီး ကြွက်နားရွက်မှို အခြောက် တစ်ပိဿာကို ငွေကျပ် (၁၈,၀၀၀) မှ (၂၀,၀၀၀) ကျပ်အထိ ရရှိနေတဲ့အတွက် ယခင်က တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလေ့မရှိပေမယ့် ယခုအခါမှာ ချောင်းဆုံမြို့နယ်အတွင်းရှိ ကမာမိုကျေးရွာ၊ ကွမ်ရိုက်ကျေးရွာနဲ့ ဒေါင်းဥကျေးရွာတို့မှာ စိုက်ပျိုးမှု များလာတယ်လို့ သိရပါတယ်။
“ရာသီဥတုပူလို့ မှိုအထွက်နည်းပေမယ့် တစ်နေ့ကို (၂) ပိဿာ၊ (၃) ပိဿာ လောက်တော့ထွက်တယ် ပြီးရင်ဖောက်သည်ပေးတာလဲရှိသလို ကိုယ်တိုင်ဈေးမှာ သွားရောင်းတာလဲရှိပါတယ်” ဟု တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးသူ ဒေါ်အေးသန်းက MOI သို့ ပြောဆိုထားပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *