BREAKING NEWS

ပြည်ပသို့ နှံစားပြောင်းတင်ပို့မှု ကောင်းမွန်ရန် စိုက်ပျိုးထုတ်လုပ်သူများ မျှော်လင့်နေ

ဩဂုတ် ၁၁
မြန်မာနိုင်ငံထွက် နှံစားပြောင်းကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခဲ့ရာမှ ပြီးခဲ့တဲ့နှစ်ကစပြီး တရုတ်နိုင်ငံမှ ဝယ်ယူမှု လျော့နည်းလာတဲ့အတွက် ဈေးနှုန်းကျဆင်းလာပြီး ထိုင်းနိုင်ငံသို့ ပြောင်းလဲတင်ပို့ခဲ့ရတဲ့အတွက် ယခုနှစ်မှာတော့ တင်ပို့မှု ကောင်းမွန်လာဖို့ စိုက်ပျိုးထုတ်လုပ်သူတွေ မျှော်လင့်နေကြပါတယ်။
ယခုနှစ်အတွက် နှံစားပြောင်းကို ဒီဇင်ဘာလမှာ ရိတ်သိမ်းထုတ်လုပ်မှုဖြစ်လို့ ပြည်ပတင်ပို့မှု ကောင်းမွန်ဖို့ မျှော်လင့်နေကြောင်း စိုက်ပျိုးထုတ်လုပ်သူ ဦးခင်မောင်က AMIA သို့ ပြောဆိုထားပါတယ်။
“အန်ကယ်တို့က နှံစားပြောင်းကို အစေ့ခြွေပြီး တင်ပို့တာ။ ပြီးခဲ့တဲ့ နှစ်ကစပြီး တရုတ်ဘက်က အဝယ် နည်းသွားလို့ ထိုင်းဘက်ကို ပြောင်းပြီးတင်ပို့တာ။ ထိုင်းက ကြက်စာအတွက်ဝယ်တယ်” လို့ ဦးခင်မောင်က ဆိုပါတယ်။ “ခုနောက်ပိုင်း ပြည်တွင်းက အစာချက်လုပ်ငန်းတွေရဲ့ ပြောင်းဝယ်လိုအားလည်း မြင့်တက်လာတယ်” လို့ ၎င်းက ပြောပါတယ်။
ပြည်တွင်းမှာတော့ ပြောင်းသီးနှံကို နှစ်စဉ် ပိုလျှံစွာ စိုက်ပျိုးထုတ်လုပ်နေပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ နှစ်စဉ် ဧက တစ်သိန်းကျော် စိုက်ပျိုးနေကြကြောင်း သိရှိရပါတယ်။
Ref: AMIA / Photo: MDN





Leave a Reply

Your email address will not be published. Required fields are marked *