BREAKING NEWS

ဇလုပ်စိုက်သုတွင် ဒေသနှင့်ကိုက်ညီမည့် ပဲတီစိမ်းမျိုးသစ်များ စမ်းသပ်စိုက်ပျိုး

ဩဂုတ် ၁၀
စိုက်ပျိုး‌ရေး သုတေသနဦးစီးဌာန၊ ဇလုပ်စိုက်ပျိုးရေး သုတေသနခြံမှာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကိုက်ညီမယ့် အလားအလာကောင်း ပဲတီစိမ်းမျိုးလိုင်း (၂၅) မျိုးကို စမ်းသပ်စိုက်ပျိုးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မျိုးကူးစပ်ထားတဲ့ အတွဲ (၆) တွဲမှ တတိယသားဆက်များနဲ့ ဗီဇငြိမ်မျိုးလိုင်း (၆၀) တို့ကိုလည်း စမ်းသပ်စိုက်ပျိုး သုတေသနပြုနေပြီး မျိုးကူးစပ်ရွေးချယ်ရာမှာ အပူဒဏ်ခံနိုင်ခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်းစတဲ့ မိဘမျိုးတွေကိုလည်း ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် မျိုးစေ့ဘဏ်မှာ သိမ်းဆည်းထားတဲ့ မျိုးလိုင်းပေါင်း (၁၉၈) မျိုးတို့ရဲ့ အရည်အချင်းလက္ခဏာတွေကို လေ့လာခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးတော့လည်း ရေဆင်း ပဲတီစိမ်း-၁၁ နဲ့ ရေဆင်း ပဲတီစိမ်း-၁၄ မျိုးတို့ကို မိဘမျိုးစေ့ထုတ်လုပ်ခြင်း သုတေသနတွေ ပြုနေတယ်လို့ သိရှိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူတွေအနေနဲ့ မျိုးနဲ့ နည်းပညာအကူအညီတွေ ရယူလိုပါက ဇလုပ်စိုက်ပျိုးရေး သုတေသနခြံရှိ သုတေသနပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး ရယူနိုင်ကြောင်း ဇလုပ်စိုက်ပျိုးရေး သုတေသနခြံမှ တာဝန်ခံသုတေသနမှူး ဦးမြင့်စိုးက ဆိုပါတယ်။
Ref: MOHS





Leave a Reply

Your email address will not be published. Required fields are marked *