BREAKING NEWS

တစ်လကို ဒေါ်လာ တစ်သိန်းဖိုးအထိ ရောင်းချရရှိလာတဲ့ ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့ဘာလချောင်ကြော်

ဩဂုတ် ၎
ဘာလချောင်ကြော်ကို အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ ဗြိတိန်၊ အရှေ့အလယ်ပိုင်း၊ ဩစတြေးလျနဲ့ အာရှဈေးကွက်တွေသို့ တင်ပို့ရောင်းချလျက်ရှိနေရာမှာ တစ်လကို အမေရိကန်ဒေါ်လာ တစ်သိန်းဖိုးဝန်းကျင် ရောင်းချရရှိနေကြောင်း မေယုကုမ္ပဏီမှ သိရပါတယ်။
ဘာလချောင်ကြော် ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေမှာ ပြည်တွင်းမှာပေါများစွာ ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့အတွက် အရည်အသွေးကောင်းပစ္စည်းကို ဈေးနှုန်းသက်သာစွာနဲ့ ထုတ်လုပ်နိုင်နေပါတယ်။ အရည်အသွေးကောင်းမွန်တဲ့အတွက်ကြောင့်လည်း မြန်မာ့ဘာလချောင်ကြော်မှာ ဈေးကွက်အတွင်း အခြားနိုင်ငံထုတ် ဘာလချောင်ကြော်များနဲ့ ယှဉ်ပြိုင်ရောင်းချရာမှာ ပိုမိုလူကြိုက်များလျက် ရှိနေပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ငါး၊ ပုစွန်တွေကို ရောင်းချရာမှာ ကုန်ကြမ်းအနေနဲ့ အကောင်လိုက် ရောင်းချခြင်းတွေ ရှိသလို အဆင့်မြင့်ကုန်ချောအဖြစ် ပြုပြင်ကာ ရောင်းချမှုတွေလည်းရှိပါတယ်။
ပုံမှန်အားဖြင့် ပုစွန်ခြောက်၊ ငါးခြောက်၊ ငါးကြိတ်သား၊ ငါးဆားနယ်၊ ငါးပေါင်းမှုန့်များအဖြစ် ရောင်းချလျက်ရှီနေပြီး ယခုအခါမှာတော့ အာရှသားတွေ နှစ်သက်ခုံမင်စွာ စားသုံးကြတဲ့ ဘာလချောင်ကြော်အဖြစ်ပါ ထုတ်လုပ်တင်ပို့ ရောင်းချနေတာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရပါတယ်။
Ref: commerce





Leave a Reply

Your email address will not be published. Required fields are marked *