BREAKING NEWS

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း GAP စနစ်ဖြင့် သီးနှံစုံ ဧက (၇,၀၀၀) စိုက်ပျိုးပြီးဖြစ်၊ မြေလွတ်မြေရိုင်းမှ လယ်ယာ (၇၁၆) ဧက ဖော်ထုတ်နေ

ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီသီးနှံစိုက်ပျိုးရာသီမှာ GAP စနစ်ဖြင့် သီးနှံမျိုးစုံ ဧက (၂၅,၀၀၀) စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်နေပြီး ဇူလိုင်လကုန်မှာ‌တော့ ဧက (၇,၀၀၀) စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ဖြင့် စိုက်ပျိုးခြင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက“ဒီစနစ်နဲ့ စိုက်မယ်ဆိုရင် ပထမဆုံးရေ၊ မြေတွေကို စစ်ဆေးတာတွေလုပ်ရတယ်၊ မန္တလေးနဲ့ရန်ကုန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းတွေကို ပို့ပြီးစစ်ဆေး ရတာဖြစ်လို့ အချိန်ကြံ့ကြာမှုတွေရှိတယ်၊ လျာထားချက်ပြည့်မီအောင် ကြိုးစားလုပ်ဆောင် နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြေလွတ်မြေရိုင်းမှ လယ်ယာမြေ ဖော်ထုတ်ပေးမှုအဖြစ် မြေ(၇၁၆)ဧက ဖော်ထုတ်ပေးမှု (၉၀.၇၁)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရပါတယ်။
မြေလွတ်မြေရိုင်းမှ လယ်ယာမြေဖော်ထုတ်ပေးမှုအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က (၉၅၂) ဧက ဖော်ထုတ်ပေးခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် တမူးမြို့နယ် အလှော်နဲ့ ပွတ်သာကျေးရွာတို့မှ ဧက(၂၀၀)၊ ဗန်းမောက်မြို့နယ် အတွင်းရှိ လိပ်စောနဲ့ မင်းကုန်းကျေးရွာတို့မှ ဧက(၁၀၀)၊ ရေဦးမြို့နယ် ရွှေကျင်မှော်ကျေးရွာမှ ဧက(၁၀၀)၊ ကလေးဝမြို့နယ် ခုံကြီးကျေးရွာမှ (၁၁၅)ဧက၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အတွင်းရှိ ထန်ပါခွေမြို့နယ်ခွဲ လကျန်းကျေးရွာနဲ့ အံ့ပေါ်ကျေးရွာတို့မှ ဧက(၁၅၀) တို့ကို ဖော်ထုတ်ပေးလျက်ရှိနေတယ်လို့ သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *