BREAKING NEWS

စေတုတ္တရာမြို့နယ်၊ ကြောင်သိုက်ကျေးရွာအုပ်စုအတွင်း ကျွဲ၊ နွားကောင်ရေ (၂၅၀) ခန့်အား ကာကွယ်ဆေးထိုး

ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ကြောက်သိုက်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူတွေရဲ့ ကျွဲ၊ နွားအကောင်ရေ (၂၅၀) ခန့်ကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်‌ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။
ကြောင်သိုက်ကျေးရွာအုပ်စုအတွင်းရှိ ကြောင်သိုက်ကျေးရွာ၊ ပဇူကျေးရွာ၊ ပန်းချက်ကျေးရွာတွေက ဒေသခံတွေရဲ့ ကျွဲ၊ နွားတွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့အပြင် ကာကွယ်ဆေးထိုးနှံရတဲ့အကြောင်းရင်း၊ ကျွဲ၊ နွားတွေမှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေနဲ့ ရာသီအကူးအပြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ ကူးစက်ရောဂါတွေအကြောင်းကိုလည်း အသိပညာပေးခဲ့ကြောင်း စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဆိုပါတယ်။
ထိုကဲ့သို့ ကျွဲ၊ နွားတွေကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနဲ့ အသိပညာပေးခြင်း လုပ်ငန်းတွေကို မြို့နယ်အတွင်း ကျေးရွာတွေမှာ လိုက်လံဆောင်ရွက်နေခြင်း ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ကျေးရွာတွေကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *