BREAKING NEWS

ပူတာအိုရှိ ကျေးရွာနှစ်ရွာတွင် COVID-19 ရောဂါကာလအတွင်း မိသားစုဝင်ငွေတိုးပွားရေးအတွက် ကျေးရွာလူထုဗဟိုပြုစီမံကိန်းလုပ်ဆောင်

ဇူလိုင် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှာ Cash for Work စီမံကိန်း အကောင်အထည်ဖော်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျေးလက်နေပြည်သူတွေ ဝင်ငွေရရှိရေး ဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါ စီမံကိန်းကို COVID-19 ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် – COVID-19 Economic Relief Plan (CERP) အရ မိသားစုဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေးခက်ခဲမှုများကို ကုစားပေးဖို့အတွက် နိုင်ငံတော်မှ လမ်းညွှန်ချမှတ်ထားတဲ့အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ထို့အတွက် ကျေးလက်နေပြည်သူတွေ ဝင်ငွေရဖို့အတွက် မန်ပန်ကျေးရွာမှာ အရှည်ပေ (၁၀,၂၀၀) ရှိ ကျေးရွာတွင်း ရေနုတ်မြောင်း ပြုပြင်ခြင်းနဲ့ ရေပြွန် (၁၁) ခုကို ကျပ်သိန်း (၁၀၀) ဖြင့် ပြုလုပ်ခြင်း၊ ဖန်ခိုင် (၁) ကျေးရွာမှာ အရှည်ပေ (၃၄,၈၀၀) ရှိ ကျေးရွာတွင်းရေနုတ်မြောင်းပြုပြင်ခြင်း လုပ်ငန်းကို ကျပ်သိန်း (၁၀၀) အသုံးပြုကာ ပြုပြင်ခြင်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
၎င်းစီမံကိန်းမှာ ပြီးစီးသွားပါက ဖန်ခိုင် (၁) ကျေးရွာနေ အိမ်ခြေ (၉၂) အိမ်၊ လူဦးရေ (၄၅၉) ဦးနဲ့ မန်ပန်ကျေးရွာ အိမ်ခြေ (၆၂) အိမ်၊ လူဦးရေ (၄၀၁) ဦးတို့ကို အကျိုးပြုသွားမှာဖြစ်တယ်လို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *