BREAKING NEWS

ပြည်ပဲဈေးကွက်အတွင်း ပဲမျိုးစုံဈေးငြိမ်၊ စားတော်ပဲသီးနှံ ဈေးအမြင့်ဆုံးဖြစ်

ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းဝယ်လက်ပဲတွေနဲ့ ပြည်ပဝယ်လိုအားရှိတဲ့ ပဲအားလုံးလိုလို ဈေးအတက်အကျ သိပ်မဖြစ်ဘဲ ဈေးငြိမ်နေပြီး ဝယ်လိုအားပေါ်မူတည်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိနေကာ စားတော်ပဲသီးနှံမှာ ဈေးအမြင့်ဆုံးဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
စားတော်ပဲသီးနှံမှာ ဈေးကွက်အတွင်း လက်လီသာ ရောင်းဝယ်မှုဖြစ်နေပေမယ့် တစ်တင်းကို ကျပ် ၄၀,၀၀၀ မှ ၄၂,၀၀၀ အထိ ဈေးပေါက်နေပြီး တစ်ရက်ကို အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲတီးစိမ်းသီးနှံကတော့ စားတော်ပဲနဲ့ ဆန့်ကျင်စွာပဲ အရာင်းအဝယ်မဖြစ်သလောက် ရှိနေပေမယ့် ဈေးနှုန်းအနေဖြင့် တစ်တင်းကို ကျပ် ၃၉,၀၀၀ မှ ၄၀,၀၀၀ အထိ ဈေးကောင်းရနေပါတယ်။
မတ်ပဲသီးနှံမှာတော့ လက်ကျန်လှောင်ပဲများကိုသာ ဝယ်လိုအားပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့အတွက် ရက်ခြားဝန်းကျင်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ကျတဲ့ ရက်မျိုးမှာ တစ်ရက်ကို အိတ် ၁၀၀-၂၀၀ ဝန်းကျင်ဝယ်ယူမှုတွေ ရှိပြီး တစ်တင်းကို ကျပ် ၃၁,၈၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။
Ref: commerce





Leave a Reply

Your email address will not be published. Required fields are marked *