BREAKING NEWS

ကျိုက်မရောတွင် ဝက်ခြောက်ကောင်သေဆုံးရာ အာဖရိကဝက်အပြင်းဖျားရောဂါ မဟုတ်ဟုသိရ

ဇူလိုင် ၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း အသားတိုးဝက်မွေးမြူရေးခြံမှာ မွေးမြူထားတဲ့ ဝက်ကောင်ရေ (၆) ကောင်ခန့်မှာ ယမန်နေ့ ညနေပိုင်းက ရုတ်တရက် သေဆုံးမှုဖြစ်ပွားခဲ့တဲ့အတွက် ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အာဖရိက ဝက်အပြင်းဖျား ရောဂါမဟုတ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ကျိုက်မရောမြို့နယ်၊ စောပုရပ်ကွက်အတွင်းရှိ ဦးအုန်းလွင်မွေးမြူထားတဲ့ ဝက်ခြံမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိသူများမှ သေဆုံးဝက်တွေဆီကရတဲ့ သွေးရည်ကြည်ကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲရုံသို့ ပို့ဆောင်စမ်းသပ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ၎င်းခြံကို ကွင်းဆင်းစစ်ဆေးပြီးနောက်မှာ မြို့နယ်အတွင်းရှိ အခြားဝက်မွေးမြူရေးခြံတွေနဲ့ သားသတ်ရုံတွေမှာ ဆေးဖျန်းခြင်း၊ ပညာပေးခြင်းလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပုံမှန် လုပ်ငန်းစဉ်တွေအနေနဲ့ ကူးစက်​ရောဂါများ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ဝက်မွေးမြူရေးခြံတွေမှာ ပိုးသတ်​ဆေးဖျန်းခြင်း၊ အသိပညာ​ပေးခြင်းနဲ့ ပညာ​ပေး လက်ကမ်းစာ​စောင်များ ဖြန့်​ဝေခြင်းတို့ကို ဆောင်ရွက်လျက် ရှိနေပါတယ်။ ဒါ့အပြင် ဝက်ဝမ်းကျ​ရောဂါကာကွယ်​ဆေး ထိုး​ပေးခြင်း၊ မိုးဦးကျရာသီ​ရောက်လျင် ဖြစ်ပွား တတ်​သော​ ရောဂါများအတွက် ပိုးသတ်​ဆေးဖျန်းခြင်း၊ ဝက်​မွေးမြူသူများအား စီးပွား​ရေး ထိခိုက်မှုမရှိ​စေရန် ဝက်တွေကို သွေး​ဖောက်စစ်​ဆေးပြီး ဓာတ်ခွဲခန်းအ​ဖြေ​စောင့်ကာ ပြည်နယ်​ကျော်တိုင်း​ ကျော်သယ်​ဆောင်ခွင့်ရ​ရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက် ရှိနေကြောင်း သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *