BREAKING NEWS

ဈေးနှုန်းအတက်မျှော်လင့်ပြီး စောင့်ဆိုင်းနေသော ကုန်သည်များကြောင့် အရောင်းအဝယ်အေးနေတဲ့ မတ်ပဲ

ဇူလိုင် ၂၂
ပြည်တွင်းဈေးကွက်အတွင်းရှိ မတ်ပဲဈေးနှုန်းများမှာ ယခင်သီတင်းပတ်ကာလနဲ့ နှိုင်းယှဉ်ပါက ငွေကျပ် ၁,၀၀၀ ဝန်းကျင်ခန့် ဈေးကျသွားပြီး မတ်ပဲလက်ဝယ်ရှိသူများမှလည်း ‌ဈေးနှုန်းအတက်ကို ဆက်လက်စောင့်ဆိုင်းနေတဲ့အတွက် မတ်ပဲ အရောင်းအဝယ်အေးနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင်း နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
ဇူလိုင်လအတွင်း မတ်ပဲဈေးနှုန်းများအနေနဲ့ ၁၀ ရက်နေ့မှာ ၃၁,၆၀၀ ခန့်ရှိနေရာမှာ ဇူလိုင် ၁၂ ရက်နေ့မှာ ၃၀,၂၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့မှာ ၃၀,၇၀၀ ကျပ်ခန့်အထိ ဈေးနှုန်း အနည်းငယ်ပြန်တက်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် မတ်ပဲဝယ်ယူနေကျ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ မတ်ပဲလိုအပ်ချက်တွေ ရှိနေတဲ့အတွက် မတ်ပဲဈေးအတက်ကိုမျှော်ကာ အရောင်းအဝယ်အေးနေတာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ပြည်တွင်းမှာတော့ မတ်ပဲ အဟောင်းနဲ့ အသစ်လက်ကျန် တန်ချိန် (၁.၅) သိန်းခန့်သာ ရှိတဲ့အတွက် ပြည်ပမှ ဝယ်လက်လိုက်လာပါကလည်း မတ်ပဲအသစ်ထွက်ချိန် ဖေဖော်ဝါရီမတိုင်မီအထိ လက်ထဲမတ်ပဲကိုင်ထားသူများ ဈေးကောင်းရနိုင်မှာဖြစ်ကြောင်း ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *