BREAKING NEWS

ပဲခူးခရိုင်အတွင်းရှိ တောင်သူများကို စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့ တင်း (၅၀၀၀) ကျော်ကို ဖြန့်ဖြူး ပေးနေ

ပဲခူးခရိုင်အတွင်းရှိ မျိုးသန့်ခြံများမှ စပါးမျိုးကောင်းမျိုးသန့် တင်း(၅၀၀၀)ကို တောင်သူများထံ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦးက ပြောပါတယ်။ မျိုးစေ့ထုတ် စိုက်ခင်းတွေကို ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းကိုလည်း ခရိုင်နဲ့မြို့နယ်အသီးသီးရှိ အဖွဲ့တွေက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ စီးပွားဖြစ် မျိုးသန့်မျိုးစေ့များကိုလည်း စနစ်တကျ သန့်စင်ကာ ခရိုင်အတွင်းရှိ မျိုးလိုအပ်ချက်ရှိနေတဲ့ တောင်သူများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိတွင် ပဲခူးတိုင်းအတွင်းရှိ တောင်သူများမှ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသို့ လိုအပ်ချက်များဖြစ်တဲ့ မြေနမူနာများဓာတ်ခွဲ စစ်ဆေးပေးခြင်း လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ပိုမိုတိုးချဲ့ ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးရာတွင် ကောက်စိုက်သမများ ရှားပါးမှုကြောင့် ကုန်ကျစရိတ် ပိုမိုကုန်ကျခြင်း၊ စပါး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သကဲ့သို့ ပဲတိစိမ်းသီးနှံနှင့် မြေပဲသီးနှံ တို့ကိုလည်း မျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်လိုကြောင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder) များ ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးရန် တင်ပြထား ပါတယ်။
အဆိုပါ မျိုးစေ့ထုတ် လုပ်ငန်းကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တဲ့ ကုမ္ပဏီများအထိ ဆောင် ရွက်လျှက်ရှိနေသည်ကို သိရှိကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလမှာ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမှု မရှိစေရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ လိုအပ်တဲ့ နည်းပညာနှင့် နိုင်ငံတော်မှ ကိုဗစ်- ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့ပေးမည့် မျိုးစေ့ထုတ်လုပ်ငန်း ထောက်ပံ့ငွေများကိုလည်း အမြန်ဆုံး တောင်သူများ လက်ဝယ်ရောက်ရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ ပဲခူးခရိုင်သည် မိုးစပါး စိုက်ဧက (၁၁) သိန်းကျော် နှစ်စဉ် စိုက်ပျိုးလျှက်ရှိပြီး၊ မျိုးကောင်းမျိုး သန့်သုံးစွဲမှုမှာ (၇ဒသမ၅) သိန်းခန့်ရှိကြောင်း သိရပါတယ်။
Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *