BREAKING NEWS

ကလောမြို့နယ်အတွင်းရှိ တောင်သူများကို ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေး ပစ္စည်းများ ထောက်ပံ့မည်

ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ဟာ ကလောမြို့နယ်အတွင်းရှိ တောင်သူများကို ငမြှောင်တောင်ပိုး ကျရောက်မှု ကာကွယ်နှိမ်နင်းနိုင်ရန်အတွက် ဖီရိုမုန်းဟော်မုန်း အသုံးပြုတဲ့ ထောင်ချောက် အခု (၄၀)နဲ့ ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းဖို့ ထိရောက်တဲ့ ပိုးသတ်ဆေးဖြစ်တဲ့ အလန်း၊ ဆိက်ကလုံး၊ တမာဆေးတွေကို ဧက (၄၀) စာ ထောက်ပံ့ပေးဖို့ကြောင်း ပြောပါတယ်။
လက်ရှိတွင် သီးနှံထောင်ချောက်များ အသုံးပြုကာ အမြဲကင်းထောက် စစ်ဆေးပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခုပေးအပ်တဲ့ ထောင်ချောက်များဟာ ဖီရိုမုန်းဟော်မုန်း အသုံးပြုတဲ့ ထောင်ချောက်များဖြစ်ပြီး ငမြှောင်တောင် ဖလံအထီးများကို အဓိက ဆွဲဆောင်ခြင်းဖြစ်ကြောင်း၊ ထောင်ချောက် တစ်ခုသည် စိုက်ခင်း (၅) ဧကကို အသုံးပြုနိုင်ပြီး (၅) ဧကပတ်လည်အတွင်းမှ ဖလံအထီးများကို ဆွဲဆောင်နှိမ်နင်းမှာဖြစ်ကြောင်း သိရပါတယ်။
COVID-19 ကပ်ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်သလို မိုးရာသီ စိုက်ပျိုးချိန်ရောက်ပြီ ဖြစ်တဲ့အတွက် မိမိတို့ စိုက်ပျိုးထားသော သီးနှံများကိုလည်း ပိုးမွှားကျရောက်မှုမှ ကာကွယ်ရန် လိုအပ်ပါတယ်။ ယခင်နှစ် မိုးရာသီက ရှမ်းပြည်နယ်အတွင်း အစေ့ထုတ်ပြောင်း သီးနှံမှာ ဖောငမြှောင်တောင် ကျရောက်ခဲ့သော် လည်း အချိန်မီ ဘက်စုံကာကွယ်နှိမ်နင်းမှုများ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ပျက်စီးမှု နည်းပါးခဲ့ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *