BREAKING NEWS

ဘုတလင်မြို့နယ်အတွင်း စီးပွားဖြစ် ကျောက်စိမ်းဖီးကြမ်း ငှက်ပျောစိုက်ပျိုးသူများ အမြတ်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်းရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင်ဆန်းမြင့်ကျေး ရွာများမှာ ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် သိန်း ၃၀ ကျော် အမြတ်ရရှိကြောင်း အုတ်အိုင်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးထံမှ သိရပါတယ်။ အဆိုပါ ကျောက်စိမ်းဖီးကြမ်းငှက်ပျော အပင်မျိုးများကို မန္တလေးတိုင်းဒေသကြီး၊ အင်းဝဒေသမှ စတင်ရယူခဲ့ပြီး တစ်ပင်နှင့် တစ်ပင်ကို ကိုးပေအကွာအဝေးဖြင့် တစ်ဧကလျှင် အပင် ၈၀၀ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
“ကျောက်စိမ်းဖီးကြမ်းငှက်ပျောတစ်ဖီးကို တစ်ထောင်ရရှိပြီး ရန်ကုန်၊ မန္တလေးနဲ့ ဖားကန့်ဒေသတွေကို တင်ပို့ပေး ရပါတယ်။ ကျောက်စိမ်းဖီးကြမ်းငှက်ပျော တစ်ဧကကို ၄၅ သိန်းလောက် ရရှိပါတယ်။ ကုန်ကျစရိတ်ကတော့ မြေဆီထည့်တာ၊ အလုပ်သမားခနဲ့ ထွန်စရိတ် ပေါင်းရင် ၁၀ သိန်းကျော်လောက်ရှိတော့ တစ်ဧကကို သိန်း ၃၀ ကျော် အမြတ် ရရှိပါတယ်”လို့ ကျောက်စိမ်းဖီးကြမ်း ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးက ပြောပါတယ်။
ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စတင်စိုက်ပျိုးပြီး ရှစ်လအကြာမှာ အခိုင်စထွက်ကာ တစ်နှစ်ကြာလျှင် ငှက်ပျောခိုင်များကို စတင်ခုတ်ယူရပြီး တစ်နှစ်ခွဲကြာလျှင် အပင်ဟောင်းများကို ဖျက်သိမ်းကာ ငှက်ပျောသား တက်များဖြင့် အစားထိုးစိုက်ပျိုးလေ့ရှိကြပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *