BREAKING NEWS

ကုန်စည်လိုင်း (၁၂၂၄) လိုင်းအား ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်တဲ့ ကုန်စည်စာရင်းအဖြစ် သတ်မှတ်ထုတ်ပြန်

တိရိစ္ဆာန်အရှင်နှင့် ဓာတ်မြေသြဇာ အပါအဝင် ကုန်စည်လိုင်းပေါင်း ၁၂၂၄ လိုင်းကို ပို့ကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော ကုန်စည်စာရင်းအဖြစ် သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။
နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုကာကွယ်ရေးတို့ကို ရည်ရွယ်ပြီး တိ ရစ္ဆာန်အရှင်၊ ရှားပါးငါးမျိုးစိတ်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ ဆေးဖက်ဝင်အပင်၊ အမြစ်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ကုန် ကြမ်းပစ္စည်း၊ ကန့်သတ်ဓာတုပစ္စည်း၊ ပေါက်ကွဲစေသောပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ ရှေး ဟောင်းပစ္စည်းများ အုပ်စုတွင် ပါဝင်သော HS Code 2017 Version အရ ကုန်စည်လိုင်း (၁၂၂၄) လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်တဲ့ ကုန်စည်စာရင်းအဖြစ် သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ပို့ကုန်ပိုင်းတွင် အရင်ကတားမြစ်ထားသည့် ကုန်စည်အများအပြား ရှိနေပြီး၊ ထိုထဲမှ ဆီထွက်သီးနှံနှင့် တိ ရိစ္ဆာန်အရှင် ကျွဲ၊ နွားများကို တင်ပို့ခွင့်ပေးထားကြောင်း၊ အဆိုပါ ပို့ကုန်များကို ခေတ်နှင့် လျော်ညီအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
သွင်းကုန်မှာ ၂၀၁၂ ခုနှစ် ရှေ့ပိုင်းတွင် မည်သည့်ပစ္စည်းမဆို တင်သွင်းလျှင် သွင်းကုန်လိုင်စင် လျှောက်ထား ရကြောင်း၊ လက်ရှိတွင် H.S Code ဟုခေါ်သည့် Hamonite System က Ten Digit Level မှာ H.S Code ကို ပိုင်းခြားလိုက်ပါက 2017 Version အရ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသည့် စုစုပေါင်း ၁၀၀၀၀ ကျော်မှာ ကုန်စည်လိုင်း ၄၆၁၃ လိုင်းကို လိုင်စင်လျှောက်ထားရန် လိုအပ်ဟု သတ်မှတ်ပြီး ကျန်သည့် ၅၀၀၀ ကျော် က လိုင်စင်လျှောက်ထားဖို့ မလိုတော့ပဲ လုပ်ငန်းစဉ်များကို လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။
ထိုကဲ့သို့ပို့ကုန် အမျိုးအစားများစွာ ဖြေလျှော့ပေးရာတွင် ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံး ကိရိယာများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် လယ်ယာသုံး စက်ကိရိယာများ၊ တင်သွင်းရောင်း ချခြင်း (ကုန်သွယ်ခြင်း) ကို ယခင်က နိုင်ငံခြား ကုမ္ပဏီများကို ကုန်သွယ်ခွင့် မပြုခဲ့ကြောင်း၊ ယခုအချိန်တွင် လက်လီ/ လက်ကား လုပ်ငန်းစဉ်အောက်တွင် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *