BREAKING NEWS

ပလောပီနံ အဝယ်ဒိုင်တချို့ ပိတ်သိမ်းထားသဖြင့် စိုက်ပျိုးတောင်သူများအခက်ကြုံနေ

ဧရာဝတီတိုင်းတွင် ဖွင့်လှစ်ထားသည့် ပလောပီနံ အဝယ်ဒိုင်တချို့ ပိတ်သိမ်းထားသဖြင့် ပလောပီနံစိုက်ပျိုးသူများ အခက်ကြုံတွေ့နေကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ်က ပလောပီနံအမှုန့် တစ်ပိဿာလျှင် ၁,၂၀၀ ကျပ်၊ ၂၀၂၀ ခုနှစ် မေလအကုန်ပိုင်းတွင် ပလောပီနံအမှုန့် တစ်ပိဿာလျှင် ၈၅၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး ယခုအခါ ဈေးကွက်မသေချာသည့် အခြေအနေကို တောင်သူများကြုံတွေ့နေရကြောင်း အစိမ်းရောလမ်းမှဖော်ပြထားတာ တွေ့ရပါတယ်။
ကျုံပျော်မှာ လာဖွင့်ထားတဲ့ ပလောပီနံဒိုင်ကလည်း အဝယ်ပိတ်ထားပါတယ်။ ဒီဖြစ်ရပ်က Covid-19 နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ပလောပီနံအမှုန့်ဈေးတွေ လုံးဝမကောင်းတော့ဘူး။ တစ်ပိဿာကို ကျပ် ၇၀၀ ဈေးနဲ့ ရောင်းပေးမယ်ဆိုတာတောင် အဝယ်ဒိုင်က မဝယ်တော့ပါဘူး။ အိမ်မှာဆို အိတ် ၁,၀၀၀ လောက် မရောင်းရဘဲကျန်နေပါတယ် ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အင်းရဲကျေးရွာရှိ ရွှေပုစွန်ပလောပီနံစက်မှ ဦးသန်းလတ် (ခ) ကိုလတ်ကြီးက ပြောပါတယ်။
ပလောပီနံစိုက်ပျိုးပါက တစ်ဧက စိုက်ပျိုးစရိတ် ပျမ်းမျှ (၃၀၀,၀၀၀)ကျပ် ကုန်ကျပြီး တစ်ဧကလျှင် ကလောဥ (၄,၅၀၀) ပိဿာ ထွက်ရှိသည်။ အဆိုပါ ကလောဥမှ ထုတ်လုပ်သည့် ကလောအမှုန့်ကို စားသောက်ဖွယ်ရာများ ပြုလုပ်ရာတွင် အသုံးပြုကြောင်း သိရပါတယ်။
ကလောဥ(ပလောဥ)ပိဿာတစ်ရာကို ကလောအမှုန့် အချိန် ၃၀ ထွက်ပါတယ်။ လာမယ့်နှစ်တော့ ဈေးကွက်အခြေအနေက ဘယ်လိုလာဦးမလဲ မသိသေးဘူး။ ဒီဒေသတဝိုက်မှာက ကလောစိုက်ပျိုးသူလည်း များတယ်။ဟု ဦးသန်းလတ်က ဆက်လက်ပြောထားပါတယ်။
ပလောပီနံကို ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ကျောင်းကုန်း၊ အထောင် ဒေသများတွင် အများဆုံး စိုက်ပျိုးနေပြီး စိုက်ပျိုးသူများမှ ပလောပီနံဥကိုအခြောက်ခံကာ အမှုန့်ပြုလုပ်၍ ရန်ကုန်ရှိပွဲရုံများသို့ တင်ပို့ရောင်းချခြင်းဖြစ်ပါတယ်။

Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *