BREAKING NEWS

ပေါ်ဦးပေါ်ဖျားထွက်ရှိလာသည့် ပဲတီစိမ်းအသစ်များ မန္တလေးဈေးကွက်သို့ ရောက်ရှိသော်လည်း ဈေးနှိမ်ခံရ

ယခုရက်ပိုင်းအတွင်း တပ်ကုန်းမြို့နယ်နှင့် ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များမှ ပေါ်ဦးပေါ်ဖျားထွက်ရှိလာသည့် ပဲတီစိမ်းအသစ်များကို မန္တလေးဈေးကွက်တွင် ကိုဗစ်-၁၉ ရောဂါအကြောင်းပြုကာ ဈေးနှိမ်ဝယ်ယူမှုများ ရှိနေ သည်ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်က MOI ကိုပြောဆိုထားပါတယ်။
တရုတ်ဝယ်လက်များမှ အဖွင့်ဈေးအနေဖြင့် သုံးတင်းဝင် တစ်အိတ်လျှင် မိုးလွတ်ပြီး စိမ်းရွှင်အရောင်ရှိပါက ငွေကျပ် ၁၀၄၀၀၀ ပေါက်ဈေးဖြင့် လည်းကောင်း၊ မိုးထိ ပဲတီစိမ်းများကို ငွေကျပ် ၉၄၀၀၀ ပေါက်ဈေးဖြင့် ဈေးနှိမ်ဝယ်ယူမှုများရှိသော်လည်း ပုံမှန်ပေါက်ဈေးသို့ ရောက်ရှိမလာသေးကြောင်း သိရပါတယ်။
“တရုတ်ဝယ်လက်တွေက ဈေးနှိမ်ဝယ်ယူနေတဲ့အတွက် ပဲတီစိမ်းအပါအဝင် ပဲအားလုံးနဲ့ နှမ်းဈေးနှုန်းတွေက ကျဆင်းနေတယ်။ လက်ရှိ ဒီပဲတီစိမ်းရဲ့ပေါက်ဈေးက တောင်သူတွေအတွက် ရောင်းပန်းတော့မလှပေမယ့် အဆင်တော့ ပြေနေသေးတယ်။ နောက်နှစ်ပတ်လောက် လှိုင်လှိုင်ထွက်ပေါ်လာချိန်မှာ ဈေးနှုန်းက ဒီထက်ကျ ဆင်း မသွားဖို့ မျှော်လင့်ရမှာပဲ။ ” ဟု ဦးစိုးဝင်းမြင့်က ဆက်လက်ပြောဆိုထားပါတယ်။
Lin Lin
Source MOI





Leave a Reply

Your email address will not be published. Required fields are marked *