BREAKING NEWS

ကျောက်ပန်းတောင်းတွင် အိန္ဒိယဒန့်သလွန်မျိုး စမ်းသပ်အောင်မြင်

ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ အိန္ဒိယဒန့်သလွန်မျိုးကို စမ်းသပ်စိုက်ပျိုးရာမှာ အောင်မြင်လျက်ရှိနေကြောင်း ကန်ပတ်လည်အုပ်စု လဲဂွကျေးရွာနေ တောင်သူ ဦးတင်ထွန်းအောင်က ဆိုပါတယ်။
အိန္ဒိယဒန့်သလွန်မျိုးမှာ အသီး၊ အရွက် ကိုင်းတို့ကို ကုန်ကြမ်းမှတစ်ဆင့် အဆင့်မြင့်ကုန်ချော ထုတ်လုပ်ကာ ဂျပန်၊ စင်္ကာပူ၊ အိန္ဒိယနိုင်ငံများသို့ ရောင်းချရရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဝယ်လိုအားများနေပေမယ့် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်မှု နည်းနေသေးပြီး အသီးအတောင့်အနေဖြင့်သာ ရောင်းချမှု များပြားနေပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်တောင့်ကို ၂၀၀ ကျပ်အထက် ရောင်းချရရှိနေပြီး မြန်မာပြည်တွင်းရှိ မြို့ကြီးများသို့ တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း အိန္ဒိယဒန့်သလွန် စိုက်ပျိုးမှုအနေနဲ့ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ(မြစ်ခြေ)၊ ဝမ်းတွင်းမြို့နယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ စိုက်ပျိုးမှုများပြားနေပါတယ်။ မျိုးအနေနဲ့ ရေစကြိုမြို့နယ်အတွင်း အိန္ဒိယဒန့်သလွန်မျိုးတွေကို အပင်ကြီး တစ်ပင် (၂,၅၀၀) ကျပ်ဖြင့် ရောင်းပေးနေပြီး အပင်ပေါက်တစ်ပင် (၅၀၀) ကျပ်ဖြင့် ရောင်းချပေးနေတယ်လို့ သိရှိရပါတယ်။
Ref: MOHS





Leave a Reply

Your email address will not be published. Required fields are marked *