BREAKING NEWS

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ခြင်းမရှိကြောင်း မွေးကုဌာနမှ ထုတ်ပြန်၊ ကယားပြည်နယ်တွင် ဝက်တုပ်ကွေးတွေ့ရှိဟု ဒေါက်တာထွန်းလွင်ပြော

ရန်ကုန်၊ ဇူလိုင် ၁၁
ကယားပြည်နယ်တွင်း ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဖြစ်ပွားခဲ့တဲ့ ဝက်များသေဆုံးမှုနဲ့ ပတ်သက်ပြီး အာဖရိကဝက်အပြင်းဖျားရောဂါပိုးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းလွင်မှ မြန်မာတိုင်းမ်သို့ ဇူလိုင် ၁၀ ရက်က ပြောဆိုခဲ့သော်လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်း ဝက်တုပ်ကွေးရောဂါ ပြန့်နှံ့ခြင်း မရှိကြောင်း ယနေ့မနက်ပိုင်းက သတင်းထုတ်ပြန်ကာ ငြင်းဆိုလိုက်ပါတယ်။
ဝက်တုပ်ကွေးရောဂါကို ယမန်နှစ်က ရှမ်းပြည်နယ်မှာသာ တွေ့ရှိခဲ့ပေမယ့် ယခုနှစ်အစောပိုင်းမှာ ကချင်ပြည်နယ်မှာ ထပ်မံတွေ့ရှိခဲ့ပြီး ယခုသီတင်းပတ်များဝန်းကျင်မှာ ကယားပြည်နယ်မှာပါ တွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာများမှာ ဖော်ပြနေကြပါတယ်။ ဇွန်လ ၆ ရက်နေ့က ကယားပြည်နယ်ရှိဖရူဆိုမြို့နယ်မှာ ဝက် (၁၉) ကောင်၊ ဒီမောဆိုးမြို့နယ်မှာ (၅၂) ကောင်သေဆုံးခဲ့ပြီး လွိုင်ကော်မြို့မှာ ဝက် (၆၁) ကောင် သေဆုံးခဲ့ကြောင်းနဲ့ ယင်းသေဆုံးမှုမှ နမူနာပစ္စည်းများကို မန္တလေးရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ယခုသီတင်းပတ်အတွင်း ပြောဆိုထားရှိပါတယ်။
ယင်းသို့ မန္တလေးရှိ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် ပေးပို့စစ်ဆေးထားရှိမှုနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းလွင်က “ဟုတ်တယ်။ အဲရောဂါဟုတ်တယ်။ ကယားပြည်နယ်မှာတွေ့တာတွေကတော့ အဲ့ဒါပဲ” ဟု ဝက်တုပ်ကွေးရောဂါကို ရည်ညွှန်းကာ မြန်မာတိုင်းမ်သို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ယင်းဖြေကြားမှုများနဲ့ တစ်စိတ်တစ်ပိုင်းသက်ဆိုင်သော ထုတ်ပြန်ကြေညာချက်အဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၎င်းတို့ဌာနရှိ ဇီဝလုံခြုံမှုအဆင့်-၂ (BSL-2) ရှိတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်၊ (ရွှေမြို့) တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်းတွေမှာ ဝက်ကူးစက်ရောဂါတွေ အပါအဝင် အခြားတိရစ္ဆာန်ကူးစက်ရောဂါတွေကို ရှာဖွေစစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိနေကြောင်းနဲ့ စစ်ဆေးချက်တွေအရ မြန်မာနိုင်ငံတွင်း ဝက်တုပ်ကွေးရောဂါပိုး (Swine Flu-H1N1) မတွေ့ရှိကြောင်း ကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Ref: mmtimes, MOI / Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *