BREAKING NEWS

ပြည်တွင်း၌ အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့ မှု ရှိ၊မရှိ စစ်တမ်းကောက်နေ

ရန်ကုန်၊ ဇူလိုင် ၁၀
မြန်မာနိုင်ငံအတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ပျံ့နှံ့ဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး သေဆုံးမှုအခြေအနေတွေကို စစ်တမ်းကောက်ယူလျက်ရှိနေသလို အခြားဒေသများတွင် ပျံ့နှံ့ဖြစ်ပွားမှု ရှိ၊ မရှိကိုပါ တပါတည်း စာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။
အာဖရိကဝက်တုပ်ကွေးမှာ ကာကွယ်ဆေးလည်း မရှိသလို၊ ကုသဆေးလည်း မရှိတဲ့အတွက် ဖြစ်ပွားတဲ့အခါမှာ ဆုံးရှုံးမှုများလေ့ရှိပြီး မြန်မာနိုင်ငံအတွင်းမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားပြီး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ရှမ်းပြည်နယ် မိုင်းလား၊ ပန်ဆန်း၊ မိုင်းဖြတ်နဲ့ မိုင်းယောင်းတို့မှာ ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည်နယ့် ဖေဖော်ဝါရီလမှာတော့ ရှမ်းပြည်နယ် လားရှိုးနဲ့ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်တို့မှာ ဖြစ်ပွားခဲ့ကာ ဇွန်လမှာတော့ ရှမ်းပြည်နယ် ညောင်ရွှေမြို့တို့မှာ တွေ့ရှိခဲ့ပါတယ်။
သို့အတွက် အခြားဒေသတွေမှာလည်း ပျံ့နှံ့နေမှု ရှိ၊ မရှိကို စစ်တမ်းကောက်ဖို့က အရေးပါလှတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှု ကိစ္စရပ်နဲ့ ပတ်သက်ပြီး မွေးမြူရေးကုသမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိမ်းမော်က “ကူးစက်နှုန်းက ခြံတစ်ခြံမှာ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ ကူးပြီဆိုရင် သေနှုန်းက တစ်ရာ ရာခိုင်နှုန်းရှိတဲ့ ‌ရောဂါမျိုးဖြစ်တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေတာကောက်တုန်းပဲ ရှိပါသေးတယ်” လို့ မြန်မာတိုင်းမ်သို့ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။
Ref: MOI/mmtimes , Photo: swineweb





Leave a Reply

Your email address will not be published. Required fields are marked *