BREAKING NEWS

ဝဥစိုက်ခင်းများအတွင်း ခါးရင်းပုပ်ရောဂါ ကျရောက်နေ

ဇူလိုင် ၉
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာရှိ ဝဥစိုက်ခင်းတွေမှာ ခါးရင်းပုတ်ရောဂါ ကျရောက်နေတဲ့အတွက် ခရိုင်စိုက်ပျိုးရေးဌာနသို့ ဆက်သွယ်ခဲ့ရာ စိုက်ပျိုးရေးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း ယင်းကျေးရွာရှိ တောင်သူများထံမှ သိရပါတယ်။
“ဝဥပင်စည်ရဲ့ ခါးရင်းကပုပ်ပြီး အပင်တွေသေတယ်။ တစ်ခင်းလုံးဖြစ်နေတာတော့ မဟုတ်ဘူး။ အရင်နှစ်တွေက ဒီလိုရောဂါဖြစ်ပွားမှုက မရှိခဲ့ဘူး။ ဒီနှစ်မှ ဒီရောဂါဖြစ်လာတာမို့ စိတ်ပူပြီး စိုက်ပျိုးရေးဦးစီးဌာနကို အကြောင်းကြားရတာ” လို့ ကျောက်တောင်ကျေးရွာရှိ တောင်သူ ဦးထန်းမောင်းက ဆိုပါတယ်။
အဆိုပါ ခါးရင်းပုတ်ရောဂါ ကျရောက်မှုနဲ့ ပတ်သက်ပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးထန်းနိုင်းက မြေကြောင့် သို့မဟုတ် သီးနှံကြောင့် စတဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စစ်ဆေးနိုင်ဖို့ မှတ်တမ်းယူပြီး နေပြည်တော် ဓာတ်ခွဲခန်းကို ပေးပို့သွားမှာဖြစ်ပါတယ် လို့ ပြောဆိုပါတယ်။ “အခုလောလောဆယ်တော့ အခြားစိုက်ခင်းတွေကို ကူးစက်ပြန့်ပွားမှု မရှိအောင် ကြိုတင် ကာကွယ်နိုင်ဖို့ မှိုနှင့်ဘက်တီးရီးယား ပိုးသတ်ဆေး ထောက်ပံ့ပေးထားတယ်၊ ရောဂါကျရောက်မှု အခြေအနေကတော့ ပျိုးပင်ဆယ်ပင်မှာ တစ်ပင်လောက်မှာပဲ ဖြစ်ပွားတာပါ” လို့ ၎င်းက ဆိုပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *