BREAKING NEWS

မြန်မာ့ပထမဆုံး သနပ်ခါးကုန်စည်ဒိုင်တွင် တစ်ရက်လျှင် ငွေကျပ် ၁၅ သိန်းဖိုးခန့် အရောင်းအဝယ်ဖြစ်

ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ သနပ်ခါးမြို့တော်အဖြစ် ထင်ရှားလှတဲ့ အရာတော်မြို့နယ်မှာ သနပ်ခါးပွဲရုံ ဖွင့်လှစ်ရောင်းချလျက်ရှိနေရာ တစ်ရက်ကို ငွေကျပ် (၁၅) သိန်းဖိုးခန့် အရောင်းအဝယ်ဖြစ်နေကြောင်း အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးထံမှ သိရပါတယ်။
သနပ်ခါးကုန်စည်ဒိုင်ကို “နံ့သာမြေ” သနပ်ခါးပွဲရုံအဖြစ် အမည်ပေးထားရှိပြီး ပိတောက်မြိုင်ရပ်ကွက် ရွှေဘို-မုံရွာ ကားလမ်းဘေး (ယခင်-ကုန်သွယ်လယ်/ယာဝင်း အတွင်း) မှာ အရာတော်မြို့နယ် သနပ်ခါးအသင်းမှ ဇူလိုင် (၁) ရက်မှ စတင်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ ပွဲရုံအတွင်းမှာ သနပ်ခါးနဲ့ အဆင့်မြင့်သနပ်ခါးထုတ်ကုန်တွေကို သနပ်ခါးစိုက်တောင်သူတွေနဲ့ ထုတ်လုပ်သူများမှ ကိုယ်တိုင်လာရောက်ကာ ဆိုင်ခင်းရောင်းချမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းလည်းချိုသာသလို အရည်အသွေးလည်း ကောင်းမွန်စိတ်ချရကြောင်း အာမခံနိုင်မယ်လို့ သိရပါတယ်။
“သနပ်ခါးစိုက်တောင်သူတွေနဲ့ သနပ်ခါးဝယ်ယူလိုသူတွေ တိုက်ရိုက်တွေ့ဆုံ ဝယ်ယူခွင့်ရရှိနိုင်တဲ့ အခွင့်အရေး၊ အဝေးကိုတင်ပို့ ရောင်းချရရင် စရိတ်စက အလေအလွင့်ဖြစ်တာ သက်သာစေမှာဖြစ်ပါတယ်” လို့ ဥက္ကဌ ဦးကျော်မိုးက MOI သို့ ပြောဆိုပါတယ်။
ပွဲရံဒကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားရှိမှာဖြစ်ပြီး ဈေးတည့်ကာ မသယ်ယူနိုင်သေးတဲ့ သနပ်ခါးတွေနဲ့ ဈေးမတည့်သေးတဲ့ သနပ်ခါးတွေကို သိုလှောင်နိုင်ဖို့ ကျယ်ဝန်းတဲ့ဂိုဒေါင်ထားရှိထားတယ်လို့ သိရပါတယ်။ ပွဲရုံအတွင်းရောင်းချရမှုများကို ရောင်းရသူဘက်မှ သုံးရာခိုင်နှုန်း ကောက်ယူသွားမှဖြစ်ပြီး ဝယ်ယူသူဘက်မှတော့ ကောက်ခံသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။
Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *