BREAKING NEWS

တရုတ်မှ ဝယ်လိုအားကောင်းလာတဲ့အတွက် မန်းဈေးကွက်မှာ ပဲဇီးကွက် အ‌ရောင်းသွက်

ဇူလိုင် ၅
မြန်မာ့ထွက်ကုန်သီးနှံဖြစ်တဲ့ ပဲဇီးကွက်မှာ တရုတ်နိုင်ငံမှ ယခုရက်ပိုင်းအတွင်း ဝယ်လိုအား တက်လာတဲ့အတွက် အရောင်းသွက်လျက်ရှိနေတယ်လို့ မန္တလေးပဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
ပဲဇီးကွက်မှာ စွန်တာပြာပဲ အမျိုးအစားရဲ့ ပဲမျိုးစိတ်တစ်ခုဖြစ်ပြီး ရေစကြိုဒေသရှိ ကျွန်းပေါ်ရွာတွေမှာ ၎င်းပဲရဲ့ ဇီးကွက်နဲ့တူတဲ့အသွင်အပြင်နဲ့ ရောင်းပန်းလှမှုတို့ကြောင့် လာဘ်ကောင်ပဲလို့ ခေါ်ဆိုလေ့ ရှိကြပါတယ်။ တရုတ်နိုင်ငံသို့ လွန်ခဲ့တဲ့ ငါးနှစ်မှစတင်ကာ တင်ပို့ရောင်းချလာခြင်း ဖြစ်ပြီး ယခုလို COVID-19 ကာလအတွင်းမှာလည်း ရောင်းအားမပျက် ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။
“ဒီပဲ ဈေးနှုန်း ကတော့ စပြီးပေါ်ဦးပေါ်ဖျား မတ်လကတည်းက သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၅၂၀၀၀ နှုန်းနဲ့ အဖွင့်ဈေးစခဲ့ပေမယ့် လက်ရှိအချိန်အထိဒီဈေးအတိုင်း အတက်အကျမရှိဘဲ အရောင်းအဝယ်ဖြစ်နေတာကိုထူးထူးခြားခြားတွေ့ရတဲ့အပြင် အခုရက်ပိုင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံက ထွက်သလောက် ဝယ်နေကြတယ်” လို့ မန္တလေးမြို့မှာ ပွဲရုံပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
လက်ရှိ မန္တလေးပဲဈေးကွက်မှာတော့ ပဲတီစိမ်း၊ နှမ်း၊ ထောပတ်ပဲနဲ့ မြေပဲသီးနှံစတဲ့ တရုတ်သို့ အဓိကတင်ပို့လျက်ရှိနေတဲ့ ပဲအမျိုးအစားများမှာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိနေပြီး ဈေးနှုန်းအနေနဲ့တော့ ကျဆင်းနေတယ်လို့ သိရပါတယ်။ အိန္ဒိယပို့ကုန်ဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံမှတော့ ဝယ်လိုအား ကောင်းမွန်လာသလို ဈေးနှုန်းလည်း မြင့်တက်လျက် ရှိနေကြောင်း မန္လေးမြို့ရှိ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က MOI သို့ ပြောဆိုထားပါတယ်။
Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *