BREAKING NEWS

လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပသို့ အုန်းသီးတန်ချိန် ၁၀၀ ကျော်သာ တင်ပို့ထားနိုင်ဟု သိရ

ရန်ကုန်၊ ဇူလိုင် ၂
လက်ရှိ ဘဏ္ဍာနှစ် ရှစ်လတာ (၂၀၁၉ အောက်တိုဘာမှ – ၂၀၂၀ မေလ) အတွင်း ပြည်ပသို့ အုန်းသီးတန်ချိန် ၁၀၀ ကျော်သာ တင်ပို့ထားနိုင်တဲ့အတွက် ယခင်ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ပြည်ပဝယ်လိုအား လျော့နည်းလာကြောင်း အုန်းသီးကုန်သည်တွေက ဆိုပါတယ်။
ပြည်ပသို့ တင်ပို့မှုအနေနဲ့ အုန်းသီးကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က တန်ချိန် ၂,၆၀၀ ကျော်တင်ပို့နိုင်ခဲ့ပေမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က တန်ချိန် ၇၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ တန်ချိန် ၁၀၀ ကျော်သာ တင်ပို့ထားနိုင်တဲ့အတွက် ပမာဏများစွာ လျော့နည်းနေတယ်လို့ သိရပါတယ်။
အုန်းသီးကိုမြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသများနဲ့ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိနေပြီး ကုန်းတွင်းပိုင်းဒေသမှာတော့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ထွန်းအောင်မြင်လျက် ရှိနေပါတယ်။ စိုက်ပျိုးရာမှာ တစ်ဧကကို အလုံးရေ ၁,၀၀၀ မှ ၅,၀၀၀ ကျော် အထိ ထွက်ရှိပြီး တစ်လုံးလျှင် ၃၀၀ မှ ၈၀၀ ကျပ်အထိ ပေးကာ ပွဲစားများက ဝယ်ယူကာ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံများသို့ တင်ပို့လျက် ရှိနေတာ ဖြစ်ကြောင်း သိရှိရပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *