BREAKING NEWS

ကြက်သွန်ဈေးကျနေလို့ တောင်သူတွေ အရှုံးပေါ်

ဇွန် ၃၀
မုံရွာမြို့နယ်အတွင်းရှိ သပြေတော၊ ကျွဲရဲ၊ သမန်တာ၊ ရှင်ငဆယ်၊ သဲကြီးကုန်း၊ မြေနဲ၊ ကိုးပင် စတဲ့ ကြက်သွန်စိုက်ပျိုးမှုများပြားတဲ့ ဒေသခံ တောင်သူတွေမှာ ကြက်သွန် တစ်ပိဿာကို ကျပ် (၃၀၀) ဝန်းကျင်နဲ့သာ ရောင်းချနေရတဲ့အတွက် အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
တစ်ဧက စိုက်ပျိုးကုန်ကျစရိတ် စုစုပေါင်း (၁၆) သိန်းလောက်ကုန်ပါတယ်။ ဝါဆိုလမှာ ပြန်ရောင်းတာ တစ်ပိဿာ (၃၀၀) ကျပ်ဈေးပဲ ရတဲ့အတွက် လုံးဝမကိုက်ပါဘူး။ မနှစ်က ဒီလပိုင်းတွေဆို တစ်ပိဿာကို (၆၅၀-၇၀၀) ကျပ်ဈေးနဲ့ ရောင်းရပါတယ်။ ကြက်သွန်တောင်သူတွေ အများကြီး ရှုံးပါတယ်။
သပြေတောကျေးရွာရှိ ကြက်သွန်စိုက်တောင်သူ ကိုသက်နိုင်က ဆိုပါတယ်။
“ဒီနှစ် ကျဈေးနဲ့သာ ဆက်သွားနေမယ်ဆိုရင် ကျနော်တို့တောင်သူတွေ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ယခုနှစ်မှာတော့ မန္တလေး၊ ရေနံချောင်း၊ ပခုက္ကူ၊ မုံရွာမြို့ပေါ်များမှ အနည်းငယ်သာ ဝယ်ယူပြီး အလှူအတန်းများ ကျင်းပမှု နည်းပါးသလို ပြင်ပဈေးကွက်မှလည်း ဝယ်ယူမှု မရှိတဲ့အတွက် ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ အဆင်ပြေမှုမရှိဘဲ အရှုံးပေါ်နေကြောင်း သိရှိရပါတယ်။
Ref: MOI / Photo: MRTV





Leave a Reply

Your email address will not be published. Required fields are marked *