BREAKING NEWS

ဈေးကောင်းပေးကာ ဝယ်ယူမှုတွေရှိလာတဲ့ ဓာတုလွတ်ငရုတ်

ရန်ကုန်၊ ဇွန် ၂၉
ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသရှိ ယာမြေတွေမှာ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအသုံးပြုမှု မရှိတဲ့ ဓာတုလွတ်ငရုတ်ပင်တွေကို စီးပွားဖြစ် စိုက်ပျိုးမှု များပြားလာပြီး တစ်ပိဿာကို ငွေကျပ် ၁,၁၀၀ နှုန်းအထိ ရောင်းချရရှိနေတယ်လို့ သိရပါတယ်။
စိုက်ပျိုးရာမှာ အသီးအတောင့်နဲ့ အရောင်လှပတဲ့ ကျောက်စိမ်းငရုတ်မျိုးကို စိုက်ပျိုးမှုများပြားလှပြီး တောင်သူတွေအနေနဲ့ တစ်ရာသီကို ငွေကျပ် ၁၀ သိန်းခန့် ဝင်ငွေရရှိနေကြောင်း ဂုံဘိုရပ်ကွက်မှ ငရုတ်စိုက် တောင်သူဦးဗိုလ်ကြည်က MOI သို့ ပြောဆိုထားပါတယ်။
ဓာတုလွတ်ငရုတ် စိုက်ပျိုးရာမှာ သဘာဝမြေဩဇာ အော်ဂဲနစ်နဲ့ နွားချေးတို့ကို ထည့်သွင်းကာ မြေပြင်ပြီးနောက် ငရုတ်ပျိုးပင်တွေကို စိုက်ပျိုးတာဖြစ်ပါတယ်။ တစ်ဧကကို အပင် ၃,၅၀၀ ဝင်ဆန့်ပြီး ပေါင်းသင်၊ မြေဖို့၊ ရေသွင်း၊ ရေထုတ်တွေကို စနစ်တကျ ပြုလုပ်ပေးရပါတယ်။ မြေချစိုက်ပျိုးပြီး အချိန် (၄) လခန့် ကြာမြင့်တဲ့အခါမှာတော့ အသီးတွေ စတင်ခူးဆွတ်နိုင်ပါပြီ။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *