BREAKING NEWS

တောင်ပေါ်ဒေသတွင် သနပ်ခါးစမ်းသပ်စိုက်ပျိုးရာ ဖြစ်ထွန်းလျက်ရှိနေ

ဇွန် ၂၈
သနပ်ခါးစိုက်ပျိုးမှုကို ပုံမှန်အားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာသာ တွေ့မြင်ရလေ့ ရှိပေမယ့် ‌တောင်ပေါ်ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင့်သာစံပြကျေးရွာမှာ စိန်မင်းသနပ်ခါးပင်တွေ စိုက်ပျိုးအောင်မြင်လျက်ရှိနေကြာင်း သနပ်ခါးခြံပိုင်ရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ သနပ်ခါးစိုက်ပျိုးမှု မရှိသလောက်နည်းပါးပြီး ဦးဝင်းနိုင်မှ တစ်ဧကနီးပါးကျယ်ဝန်းတဲ့ခြံမှာ အပင်ရေ ၅၀၀ ကို စိုက်ပျိုးထားရာမှာ သက်တမ်း ငါးနှစ်ခန့် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “ဒီမှာက ကျွန်တော်အရင် ဆုံးစမ်းသပ်စိုက်ပျိုးခဲ့တယ်။ အခုဆို ငါးနှစ်လောက်ရှိသွားပြီ။ စိုက်လို့အဆင်ပြေတယ်၊ အဓိကဒေသနဲ့ကိုက်ညီမယ့် ဒီစိန်မင်း မျိုးကို ရွေးချယ်စိုက်ပျိုးခဲ့လို့ အခုလိုအောင်မြင်သွားတာပါ” လို့ ဦးဝင်းနိုင်က MOI သို့ ပြောဆိုထားပါတယ်။
လက်ရှိစိုက်ခင်းကို သက်တမ်း ခုနှစ်နှစ်မှ စတင်ကာ ခုတ်ရောင်းသွားမျာဖြစ်ကြောင်းနဲ့ အခြားသူများကိုလည်း စိုက်ပျိုးစေချင်ကြောင်း ၎င်းက ဆိုပါတယ်။ “တကယ်လို့ စိုက်မယ်ဆိုရင် နည်းပညာနဲ့ ပျိုးပင်ပေါက်တွေ ကူညီပေးမယ်။ စိုက်ရင်တော့ ရာနှုန်းပြည့်ဖြစ်နိုင်တယ်။ အဓိက ရေမဝပ်တဲ့ကုန်းတွေပေါ် စိုက်ရင်ဖြစ်နိုင်တယ်” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။
Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *