BREAKING NEWS

တောင်သူများအား COVID-19 အထူးချေးငွေအဖြစ် ငွေကျပ်ဘီလီယံ ၆၀၀ ထုတ်ချေးမည်

ရန်ကုန်၊ ဇွန် ၂၇
မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများအတွက် COVID-19 ကာလတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုများကို ကုစားပေးနိုင်ဖို့ရာ စိုက်ပျိုးမြေဧက ၁၂ သန်းအတွက် ငွေကျပ်ဘီလီယံ ၆၀၀ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။
ထိုသို့ ထုတ်ချေးရာမှာ ၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေ ရရှိထားသူများသာမကဘဲ ၂၀၂၀ ပြည့်နှစ် အခြားသီးနှံချေးငွေ ရရှိထားသူများကိုပါ တောင်သူတစ်ဦးလျှင် လယ်တစ်ဧကအတွက် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ယင်းဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုပါတယ်။
“ အထူးချေးငွေကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ကနေ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမှာ ဖြစ်ပြီးတော့ ချေးငွေအတိုးနှုန်းမှာ လက်ရှိစိုက်ပျိုး စရိတ်ချေးငွေ အတိုးနှုန်းအတိုင်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြစ်တယ်” ဟု ဦးမောင်မောင်ဝင်းက ဆိုပါတယ်။ ချေးငွေကို ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးချိန်မှာ တစ်ပါတည်း ပံ့ပိုးထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
Ref:AMIA / Photo: unops





Leave a Reply

Your email address will not be published. Required fields are marked *