BREAKING NEWS

လယ်ယာသုံး ထွန်စက်နှင့် စပါးရိတ်ခြွေစက်များအား သုံးနှစ်မှ ငါးနှစ်အထိ အရစ်ကျဝယ်ယူနိုင်

မန္တလေး၊ ဇွန် ၂၆
မြန်ပြည်တစ်ဝန်းရှိ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ပစ္စည်းများကို စုဆောင်းငွေနည်းနည်းဖြင့် ပုဂ္ဂလိကဘဏ်များနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များနဲ့ ချိတ်ဆက်ပြီး အဆင်ပြေစွာ ဝယ်ယူနိုင်စေဖို့ ရွှေဘုန်း လယ်ထွန်၊ နောက်တွဲနဲ့ စက်အပိုပစ္စည်းအရောင်းပြခန်းမှာ စီစဉ်ထားရှိထားတယ်လို့ ၎င်းပြခန်းမှ စုံစမ်းသိရှိရပါတယ်။
ထို့သို့ ဘဏ်များနှင့် ချိတ်ဆက်ဝယ်ယူရာမှာ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ YOMA, MCB အစရှိတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ကာ (၃) နှစ်အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်သလို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီးတော့လည်း MEB, JICA ချေးငွေများနဲ့ (၃) နှစ်မှ (၅) နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်ကြောင်း ရွှေဘုန်းကုမ္ပဏီလီမိတက်မှ General Manager ဖြစ်သူ ဦးဗိုလ်ရီက ဆိုပါတယ်။
“ပုဂ္ဂလိကဘဏ်တွေနဲ့ချိတ်ဆက်ဝယ်ရဲ့ ကနဦးပေးသွင်းငွေက စက်တန်ဖိုးရဲ့ (၂၀) ရာခိုင်နှုန်းကနေ (၃၀) ရာခိုင်နှုန်းပေးသွင်းပြီး (၁) နှစ်မှ (၃) နှစ်အထိ အရစ်ကျဝယ်ယူနိုင်မှာပါ။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ JICA ချေးငွေနဲ့ဆိုရင်တော့ စက်တန်ဖိုးရဲ့ (၃၀) ရာခိုင်နှုန်း စုဆောင်းပြီး သိန်း ၂၀၀ မှ သိန်း ၅၀၀ အတွင်း တန်ဖိုးရှိတဲ့စက်တွေကို (၅) နှစ်ဆိုင်း၊ တစ်နှစ်တစ်ကြိမ်ဆပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ရွှေဘုန်းကုမ္ပဏီလီမိတက်မှာ မက်ဆီဖာဂူဆန်နဲ့ ဝူကျိန်းအမှတ်တံဆိပ် ထွန်စက်များမှ စတင်ပြီး အမေရိကန်၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတို့မှ တင်သွင်းထားတဲ့ လယ်ထွန်စက်အမျိုးမျိုး၊ နောက်တွဲ၊ စက်အပိုပစ္စည်းအမျိုးမျိုးတို့ကို ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ မကွေး၊ ရွှေညောင်နဲ့ ဟင်္သာတတို့မှာ ဖွင့်လှစ်ထားရှိတဲ့ အရောင်းပြခန်းများနဲ့ ဖုန်း ၀၉ ၇၇၄၈၈၈၈၈၀ သို့ ဆက်သွယ်ပြီး ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *