BREAKING NEWS

စစ်ကိုင်းတွင် သနပ်ခါးစိုက်ဧကအတွင်း လျှော်ဖြူပင်ကို သီးညှပ်စိုက်ပျိုးခြင်းဖြင့် ငွေပေါ်နှုန်းပိုမြန်လျက် ရှိနေ

ရန်ကုန်၊ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း နှစ်ရှည်ထုတ်လုပ်ရောင်းချလျက်ရှိနေတဲ့ သနပ်ခါးစိုက်ဧကအတွင်း လျှော်ဖြူပင်ကို သီးညှပ်စိုက်ပျိုးခြင်းဖြင့် ငွေပေါ်နှုန်း အမြန်ရရှိနေကြောင်း လျှော်ဖြူသီးညှပ်စိုက်ပျိုးကာ ထုတ်လုပ်ရောင်းချနေသူတစ်ဦးက ဆိုပါတယ်။
လျှော်ဖြူပင်ကို သနပ်ခါးစိုက်ဧကမှာ သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေနှစ်မျိုးရရှိသည့်အပြင် မြေကိုလည်း အကျိုးရှိစွာ အသုံးချစိုက်ပျိုးနိုင်တဲ့အတွက် လျှော်ဖြူသီးညှပ်စိုက်ပျိုးခြင်းကို စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း ကမ်းပြူကျေးရွာမှ တောင်သူတစ်ဦးက ဆိုပါတယ်။
“သနပ်ခါးပင်​တွေကြား ရောစိုက်တာဆိုတော့ သွင်းအားစုအတွက် ထပ်ပြီးမကုန်တော့ဘူး အရင်က သနပ်ခါးပင်ကို နှစ်ရှည်ပင်အဖြစ် ပြုစုပျိုးထောင်ပေမယ့် (၅/၇)နှစ်သားလောက်မှ ဝင်ငွေရသဖြင့် သနပ်ခါးပင်ရောင်းအားမရှိခင် လျှော်ဖြူပင်ကို သီးညှပ်စိုက်ပျိုးတော့ ငွေပေါ်လွယ်တာကြောင့် စိတ်ဝင်စားတာပါ” လို့ ၎င်းက ဆိုပါတယ်။
အရာတော်မြို့နယ်တွင်း သနပ်ခါးစိုက်တောင်သူတွေ အနေနဲ့ သနပ်ခါးပင်တွေကို ခုတ်ထွင် ရှင်းလင်းခြင်းမပြုဘဲ လျှော်ဖြူပင်ကို သီးညှပ်စိုက်ပျိုးကြဖို့ မြို့နယ် သနပ်ခါးစိုက် တင်ပို့ထုတ်လုပ်ရောင်းချသူ အသင်းအဖွဲ့လည်း တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *