BREAKING NEWS

ကချင်ပြည်နယ်အတွင်းရှိ အင်း၊ လယ်မြေနဲ့ ဆည်များအတွင်း ငါးသားပေါက် (၅၈) သိန်းကျော် စိုက်ထည့်သွားမည်

ဇွန် ၂၄
ကချင်ပြည်နယ်အတွင်း မြို့နယ်အတွင်းတွင်းရှိ အင်း၊ မိုးစပါးစိုက်လယ်မြေနဲ့ ဆည်များအတွင်းမှာ ငါးသားပေါက်ကောင်ရေ (၅၈) သိန်းကျော် စိုက်ထည့်သွားမှာဖြစ်ကြောင်း ကချင်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
“ငါးသားပေါက်ကောင်ရေ (၅၈ ဒသမ ၉) သိန်းကို စိုက်ထည့်သွားမှာပါ။ ငါးမျိုးတွေကိုတော့ ဧရာဝတီမြစ်အပါအဝင် ဝိုင်းမော်မြို့နယ် နန့်မြင်းခချောင်း၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်၊ မြစ်ကြီးနားမြို့နယ်နဲ့ မိုးညှင်းမြို့နယ်မှာရှိတဲ့ မိုးစပါးလယ်မြေဧက (၂၀၀) စတဲ့ အင်းတွေမှာလည်း ငါးမျိုးတွေ စိုက်ထည့်သွားဖို့ လျာထားပါတယ်၊ စိုက်ထည့်မယ့် ငါးမျိုးတွေက ငါးမြစ်ချင်းနဲ့ ငါးခုံးမကြီးမျိုးတွေ ဖြစ်ပါတယ်”လို့ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းမြင့်စောက ဆိုပါတယ်။
ငါးမျိုးစိုက်ထည့်ဖို့အတွက် ငါးမျိုးမွေးမြူရာမှာ ဝိုင်းမော်ငါးမွေးမြူရေးစခန်း၊ ဗန်းမော် ငါးမွေးမြူရေးစခန်းနဲ့ ပူတာအိုငါးမွေးမြူရေးစခန်းတို့တွင် မျိုးပွားမွေးမြူပြီး စိုက်ထည့်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကလည်း ယခုလို ငါးသားပေါက်ကောင်ရေ (၅၈) သိန်းကျော် လျာထားခဲ့ပေမယ့် အမှန်တကယ်လုပ်ဆောင်ရာမှာ (၆၁ ဒသမ ၆၇) သိန်း စိုက်ထည့်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *