BREAKING NEWS

မိတ္ထီလာကုန်သွယ်ရေး အဆင်ပြေရန် ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်းကို ကျပ်သိန်း ၃,၀၀၀ နီးပါးသုံးကာ တည်ဆောက်နေ

ရန်ကုန်၊ ဇွန် ၂၂
မိတ္ထီလာမြို့နယ်မှ ထွက်ရှိတဲ့ ဒေသထွက်ကုန်တွေ သယ်ယူပို့ဆောင်ရောင်းဝယ်ရေး အဆင်ပြေစေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း (၅) လမ်းကို တိုင်းဒေသကြီး ရန်ပုံငွေ (၂၉၅ ဒသမ ၂၅၈) သန်းအသုံးပြုကာ ဆောက်လုပ်လျက်ရှိနေရာမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးလျက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာမှာ အဆင်ပြေလွယ်ကူစေဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ (၂၉၅.၂၅၈) သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်းကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ခရိုင်ချင်းဆက်လမ်းမှ သံဘိုးကျေးရွာ ဆက်သွယ်သည့်လမ်းကို ဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပါတယ်။
ကျောက်ချောအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကိုတော့ စက်ပစ်တောင်လမ်း၊ အုတ်နှဲဘုတ်လမ်း၊ ကျိတ်ပုလဲ-ကျောင်းရွာလမ်းနဲ့ ခရိုင်ချင်းဆက်လမ်း-လက်ပံ့အိုင့်ကျေးရွာ ဆက်သွယ်လမ်း စတဲ့ ကျေးလက်ကုန်ထုတ်လမ်းငါးလမ်းကို အဆင့်မြှင့်တင်လျှက် ရှိပြီး အဆိုပါလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများမှာ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါထံမှ သိရသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *